စည်ကမ်းမဲ့ယာဉ်များကို ဖမ်းဆီး၍ ထိရောက်စွာ အရေးယူတော့မည်
ဖေဖော်ဝါရီ ၂၆
သတ်မှတ်ထားသည့် စည်းကမ်းများကို လိုက်နာခြင်းမရှိသည့် ယာဉ်များကို ဧပြီလ ၁ ရက်နေ့မှတင်၍ ထိရောက်စွာ အရေးယူသွားမည်ဟု သတိပေးနှိုးဆော်ထားကြောင်း ကချင်ပြည်နယ် ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီမှ သိရသည်။
ထိုသို့ပြုလုပ်ရန် စီစဉ်ရခြင်းသည် ကချင်ပြည်နယ်အတွင်း တစ်နှစ်ထက်တစ်နှစ် ယာဉ်မတော်တဆမှုများ တိုးများလာကာ ထိုမတော်တဆမှုများကြောင့် သေဆုံးသူဦးရေမြင့်တက်လာသည့် အတွက်ဖြစ်ကြောင်း မြစ်...
ကချင်ပါတီများပေါင်းစည်းပြီးနောက် ကချင်အမျိုးသားကွန်ဂရက်ပါတီဟူသော အမည်အသစ် အသုံးပြုမည်
ဖေဖော်ဝါရီ ၂၀
ကချင်နိုင်ငံရေးပါတီများပေါင်းစည်းပြီးနောက် ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNCP)ဟု အမည်ပေးရန် ပါတီသုံးခုက သဘောတူထားကြောင်း အသိပေးကြေညာခဲ့သည်။
အဆိုပါ ကချင်နိုင်ငံရေးပါတီများ ပေါင်းစည်းပြီးနောက်တွင် အသုံးပြုမည့် ပါတီအမည်၊ အလံနှင့်အမှတ်တံဆိပ်များရွေးချယ်ထားခြင်းကို ဖေဖော်ဝါရီ ၂၀ ရက်က မြစ်ကြီးနားမြို့ မနောင်ကွင်းရှိ မဂျွယ်ခန်းမ၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြည်သူများအားအသိပေးကြေညာခ...
ဝါရာဇွပ်ကျေးရွာတွင် နေထိုင်လိုသူများကို မြေနေရာများခွဲဝေပေးနေ
ဖေဖော်ဝါရီ ၁၇
ဟူးကောင်းချိုင့်ဝှမ်းဒေသရှိ ၀ါရာဇွပ်ကျေးရွာတွင် ယုဇနကုမ်္ပဏီက ပြန်လည်ပေးအပ်ထားသော မြေနေတွင် လာရောက်နေထိုင်လိုသူများအားမြေနေရာခွဲဝေပေးနေကြောင်းဝါရာဇွပ် အိမ်ယာမြေနေရာချထားရေး ကော်မတီမှ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။
“ဘယ်မြို့မှာနေတဲ့သူပဲဖြစ်ဖြစ် ဒီရွာမှာ နေမယ်ဆိုရင် မြေပေးတယ်။ ဘယ်စစ်ရှောင်စခန်းတွေကမဆို လာနေမယ့် သူတိုင်းကို အခုလို မြေပေးနေတာဖြစ်တယ်။ သူများအိမ်တွေမှာ ငှားနေရတဲ့သ...
ရေပုပ်များကို ရေနုတ်မြောင်းအသစ်မှ ဧရာဝတီမြစ်အတွင်း ဖောက်ချမည့်အစီအစဉ်ကို ပြည်သူများ သဘောမတူ
ဖေဖော်ဝါရီ ၁၀
ဝိုင်းမော်မြို့နယ်အတွင်း စည်ပင်သာယာရေးအဖွဲ့က ရေနုတ်မြောင်းအသစ် ဖောက်လုပ်မည့် အစီအစဉ်ကို ဒေသခံပြည်သူများ သဘောမတူညီဘဲ ၀ိုင်းဝန်းကန့်ကွက်နေကြသည်ဟု သိရသည်။
စည်ပင်သာယာရေးအဖွဲ့သည် ၀ိုင်းမော်မြို့နယ်၊ ရပ်ကွက် ၁ ရှိ ပန်းပဲတန်း လမ်းသွယ် ၁၀ တွင် ရေနုတ်မြောင်းအသစ်ကို ဖောက်လုပ်မည်ဖြစ်ပြီး ရေပုပ်များကို ထိုမြောင်းမှတစ်ဆင့် ဧရာဝတီမြစ်အတွင်းစွန့်ပစ်မည်ကို ဒေသခံပြည်သူများ သဘောမတူညီကြခြင်းဖြစ်သ...
တိုက်ပွဲကြောင့် ပိတ်မိနေသော ပြည်သူများအား ကယ်ထုတ်ရေး ပြည်သူ ၅ ထောင်ကျော် ဆန္ဒထုတ်ဖော်
ဖေဖော်ဝါရီ ၆
တိုက်ပွဲများကြောင့် ပိတ်မိနေသည့် စစ်ဘေးသင့်ပြည်သူများအား ကယ်ထုတ်နိုင်ရေးအတွက် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကချင်ဒေသခံ ၅၀၀၀ကျော် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
အဆိုပါ ဆန္ဒဖော်ထုတ်ကြသည့် ပြည်သူများသည် မြစ်ကြီးနားစီတာပူရှိ မနောင်ကွင်းတွင် နံနက် ၉ နာရီအချိန်၌ စတင်စုဝေးပြီး ဗီနိုင်း၊ ဆိုင်းဘုတ်များကိုင်ဆောင်ကာ မြစ်ကြီးနားမြို့အတွင်းသို့ လှည့်လည်ဟစ်ကြွေး၍ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။
ထိုပြည...