covid-19 procedures

ပင်လုံညီလာခံကို ဧပြီလ (သို့မဟုတ်) မေလဆန်းတွင် ကျင်းပနိုင်ရန် လျာထား

0
မတ် ၂ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံတတိယအကြိမ် အစည်းအဝေးကို ဧပြီလကုန်(သို့မဟုတ်) မေလဆန်းပိုင်းတွင် ကျင်းပရန်ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြသည်။ အဆိုပါ တတိယအကြိမ်ပင်လုံညီလာခံ ကျင်းပမည့်ရက်သတ်မှတ်သည့် ဆုံးဖြတ်ချက်ကို ဖေဖော်ဝါရီလ ၂၈ ရက်က ပြုလုပ်သည့် သတ်္တမအကြိမ်မြောက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (JICM) အစည်းအဝေးတွင် ဆွေးနွေးကာ သဘောတူညီမှု ရယူခဲ့ကြခြင်း ဖြစ်သည်။ ထို့အပြင်...

၁၀ ကြိမ်မြောက် ရန်ကုန်ဓာတ်ပုံပွဲတော်တွင် ကချင်ပြည်နယ်မှ အမျိုးသမီးဓါတ်ပုံပညာရှင်နှစ်ဦးက ဆုအသီးသီးရရှိ

0
ဖေဖော်ဝါရီ ၂၇ ပြင်သစ်ယဉ်ကျေးမှုဌာနက ပြုလုပ်သည့် ၁၀ ကြိမ်မြောက် ရန်ကုန်ဓါတ်ပုံပွဲတော်တွင် ကချင်ပြည်နယ်မှ အမျိုးသမီးဓါတ်ပုံပညာရှင်နှစ်ဦးက ပထမဆုနှင့်စတုတ္ထဆုတို့ကို အသီးသီး ဆွတ်ခူးရရှိခဲ့ကြသည်။ ထိုရန်ကုန်ဓါတ်ပုံပွဲတော်တွင် ဓါတ်ပုံပညာရှင်အဆင့် (Professional Photographer Category 2018 for the best photo- story of the year) ပထမဆုကို ဇာတ်လမ်းအမည် (I Feel Safe)ဖြင့် မြစ်ကြီးနားသတင်းဂျာနယ်မှ အယ်ဒီတာချ...

ပြည်သူများအတွက် အကျိုးမရှိသော တစ်သျှူးငှက်ပျောစိုက်ပျိုးမှုကို ရပ်နားပေးစေလိုဟု ရွှေညောင်ပင်ဒေသခံများပြော

0
ဖေဖော်ဝါရီ ၂၆ တစ်သျှူးငှက်ပျောစိုက်ပျိုးမှုသည် ဒေသခံပြည်သူများအတွက် အကျိုးမရှိသည့် လုပ်ငန်းဖြစ်သောကြောင့် ရပ်နားပေးစေလိုသည်ဟု ၀ိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာရှိ ဒေသခံများက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။ အဆိုပါ ငှက်ပျောစိုက်ခင်းများ ပြုလုပ်နေခြင်းကြောင့် ဒေသခံများ ကျန်းမာရေးထိခိုက်ခြင်း၊ မြေယာများဆုံးရှုံးခြင်း၊ ချောင်းရေများပျက်စီး၍ ရေနေသတ်္တ၀ါများ သေကျေပျက်စီးခြင်းအပြင် ချောင်းရေသော...

ပြင်ဆင်လိုက်သည့် ငြိမ်းစုစီဥပဒေကြမ်းသည်  ပြည်သူ၏ပြောဆိုပိုင်ခွင့်ကို ချုပ်ချယ်လိုက်သော ဥပဒေဖြစ်နေဟု ပါတီများဝေဖန်နေ

0
ဖေဖော်ဝါရီ ၂၇ ပြင်ဆင်လိုက်သည့် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေကြမ်းသည် ပြည်သူလူထု၏ ပြောဆိုပိုင်ခွင့်ကို ချုပ်ချယ်လိုက်သော ဥပဒေဖြစ်သည်ဟု ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်း မြစ်ကြီးနားတာဝန်ခံ  ဦးဇော်ဂျတ်က ဝေဖန်လိုက်သည်။ ငြိမ်းစုစီဥပဒေအား တတိယအကြိမ်မြောက်ပြင်ဆင်သည့် ဥပဒေကြမ်းကို ဖေဖော်ဝါရီလ ၂၀ ရက်တွင် အများပြည်သူသိရှိစေရန်ချပြခဲ့ပြီး ထိုပြင...

EU ကိုယ်စားလှယ်များနှင့် ကချင်ပါတီများ တွေ့ဆုံ

0
ဖေဖော်ဝါရီ ၂၇ မြစ်ကြီးနားမြို့ မနောင်ကွင်း၊ မဂျွယ်ခန်းမတွင် ဥရောပသမဂ္ဂ(EU)ကိုယ်စားလှယ်များနှင့် ကချင်နိုင်ငံရေးပါတီများပေါင်း စည်းရေးကော်မတီတို့ ဖေဖော်ဝါရီလ ၂၂ ရက်က တွေ့ဆုံခဲ့ကြရာ ကချင်ပြည်နယ်တွင်းဖြစ်ပွားနေသည့်  နိုင်ငံရေး၊ ဒုက်္ခသည်အရေးများအပြင် ကေအိုင်အို NCA တွင် လက်မှတ်ထိုးရေးကိစ္စများကို ထည့်သွင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထိုဆွေးနွေးပွဲတွင် ကချင်နိုင်ငံရေးပါတီများ ပေါင်းစည်းရေးကော်မတီ...