ကချင်ပြည်နယ်အတွင်းက CDM နှင့် စစ်ရှောင်များကို ကူညီနိုင်မည့် Application တစ်ခုကို ဖန်တီးနေ

402
N-Wallet app

ဇွန်၊၂၉

ကချင်ပြည်နယ်အတွင်းက CDM တွေနဲ့ စစ်ရှောင်တွေကို ကူညီနိုင်မယ့်အပြင် Clicker တွေကိုယ်တိုင် ဝင်ငွေရနိုင်မယ့် အက်ပလီကေးရှင်းတစ်ခုကို မြစ်ကြီးနားတက္ကသိုလ်ကျောင်းသား သမဂ္ဂ နဲ့ N Wallet တို့ပူးပေါင်းပြီး စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အွန်လိုင်း ငွေကြေးတစ်ခုဖြစ်တဲ့ Crypto Currency နဲ့အသုံးပြုမယ့် မြန်မာနိုင်ငံသား တိုင်းရင်းသားပိုင် Crypto Wallet application တစ်ခုကို ကချင်ဒေသနဲ့ အနယ်နယ်အရပ်ရပ်က အကူညီ လိုအပ်တဲ့နေရာတွေကို ကူညီထောက်ပံ့မှုတွေလုပ်ဆောင်နိုင်ဖို့အတွက် ပူးပေါင်းစီစဉ်နေတာဖြစ်တယ်လို့ မြစ်ကြီးနားတက္ကသိုလ် ကျောင်းသားသမဂ္ဂ တာဝန်ရှိသူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

အဓိက ကျွန်တော်တို့ ရည်ရွက်ချက်ကတော့ CDM တွေရယ် စစ်ရှောင်တွေ ပြီးတော့ Disable တွေအတွက် ကျွန်တော်တို့ ရည်ရွယ်တယ်ပေါ့နော် ။ ဘာလို့လဲဆိုတော့ စစ်ပွဲတွေဖြစ်တော့ လုပ်ငန်းကိုင်ငန်းတွေလုပ်လို့မရတဲ့ ပြည်သူလူထုတွေရှိနေတယ်ပေါ့နော်။ CDM တွေဆိုလည်း လုပ်ငန်းတွေ မလည်ပတ်နိုင်ဘူးပေါ့နော် ။ အဲဒီလိုမျိုးဆိုတော့ ဒီ Click လေးနဲ့ သူ့တို့အတွက်ပြန်ပြီးတော့ Income ဖြစ်စေမယ့် အရာကိုစဉ်းစားတာပေါ့ အဲ့တာကြောင့် ကျနော်တို့ ဒါလေးကို ဆောင်ရွက်ဖြစ်တာပေါ့ ။ “ လို့ဆိုပါတယ်။

အဲဒီ အက်ပလီကေးရှင်းမှာ ဂိမ်းတွေဆော့ ၊ ကြော်ငြာတွေကြည့်ရင်းကနေ Token တွေရရှိမှာဖြစ်ပြီး ရရှိလာတဲ့ Token တွေကို အမေရိကန် ဒေါ်လာနဲ့ တိုက်ရိုက်လဲလှယ်လို့ရပြီးတော့ Clicker တွေကိုယ်တိုင်လည်း ဝင်ငွေရရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီ N-Wallet က တော့ Digital Wallet တစ်ခုပေါ့နော် ။ ဒီ Wallet ထဲမှာ ငွေသွင်းငွေထုတ်တာတွေ လုပ်လို့ရမယ်။ ပြီးရင် ငွေကြေးလှဲလှယ်မှုတွေ အလွယ်တကူ လုပ်လို့ရမယ်ပေါ့နော် ။ သတ်မှတ်ထားတဲ့ ဂိမ်းလေးတွေဆော့ရင်း ရလာမယ့် n တိုကင် လေးတွေရဲ့ ပမာဏနဲ့ ညီမျှတဲ့ USD ကို N-Wallet မှာ လှဲလှယ်လို့ရတယ်။ Currency Exchange လုပ်လို့ရတယ် ။ ပြီးရင် အဲဒီ N-wallet ကနေပြီးတော့ ငွေလွှဲတာတွေ ငွေလက်ခံတာတွေ အဲဒါတွေအကုန်လုံး လုပ်လို့ရပါတယ်။ “ လို့လည်း တာဝန်ရှိသူက ရှင်းပြပါတယ်။

အဲဒီ Application ကို လာမယ့် ဇူလိုင်လကနေ စတင် အသုံးပြုလို့ရမှာဖြစ်ပြီး ဘာသာစကားတွေအနေနဲ့ကတော့ လက်ရှိအချိန်မှာ မြန်မာ ၊ အင်္ဂလိပ် ၊ ဂျိန်းဖော့ ၊ ချင်း ၊ ရှမ်း နဲ့ တရုတ် ဘာစကား နဲ့ အသုံးပြုလို့ရပြီဖြစ်ပေမယ့် တိုင်းရင်းသားဘာသားစကားတွေအားလုံး အသုံးပြုလို့ရအောင် နောက်ပိုင်းမှာ ထပ်ဖြည့်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here