ဗန်းမော်မြို့နယ်တွင် သုံးလအတွင်း ကိုဗစ်ပိုးတွေ့ရှိသူ (၄၇) ဦးရှိ

372
ဗန်းမော်မြို့နယ်တွင် သုံးလအတွင်း ကိုဗစ်ပိုးတွေ့ရှိသူ (၄၇) ဦးရှိ

အောက်တိုဘာ၊ ၁၁

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်မှာ ဩဂုတ်လ ကနေ အောက်တိုဘာလ အထိ (၃) လတာ ကာလအတွင်း ကိုဗစ်ပိုးတွေ့ရှိသူ စုစုပေါင်း (၄၇) ဦးထိရှိတယ်လို့ သိရပါတယ်။

ပြီခဲ့တဲ့ ဩဂုတ်လ ၂၅ ရက်နေ့က (၂) မိုင်အောင်သာ ရပ်ကွက်မှာနေထိုင်တဲ့ ဇနီးမောင်နှံနှစ်ဦးမှာ ကိုဗစ်ပိုးစတင်တွေ့ရှိခဲ့တာ ဖြစ်ပြီး အခုအောက်တိုဘာ (၁၁) နေ့အထိ စုစုပေါင်း (၄၇) ဦးထိ ရှိလာတာ ဖြစ်တယ်လို့ ဗန်းမော်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ အောင်ကျော်စိုးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ဒါ့အပြင် လက်ရှိအချိန်ဟာ တုပ်ကွေးရာသီကာလဖြစ်ပြီး ရောဂါလက္ခဏာ တူညီတဲ့အတွက် ကိုဗစ်ရော တုပ်ကွေးပါ တစ်ပြိုင်တည်း ဖြစ်နိုင်တာကြောင့် သတိပြုစေလိုတယ်လို့လည်း ဆိုပါတယ်။

တုပ်ကွေးနဲ့ ကိုဗစ်နဲ့က တစ်ခါတည်း ဖြစ်နိုင်တာပေါ့။ နှစ်ခုစလုံးက Virus Infection ( ဗိုင်းရပ်ပိုးကြောင့် ကူးစက်တဲ့ရောဂါ) ပဲကိုး။ အားနည်းရင် ဖြစ်တာပဲလေ။ ခုခံအားကျရင် ဖြစ်တာဆိုတော့ နှစ်ခုစလုံး ဖြစ်နိုင်တယ်လေ။ ရောဂါလက္ခဏာက လည်း အတူတူပဲဆိုတော့။” လို့ ဒေါက်တာ အောင်ကျော်စိုးက ရှင်းပြပါတယ်။

ဒါ့အပြင် ကိုဗစ်ရောဂါပိုး ကူးစက်ခံသူ (၄၇) ဦးထဲက (၃၈) ဦးဟာ ရောဂါပျောက်ကင်းသွားပြီ ဖြစ်ပြီး (၉) ဦးကတော့ ဆေးကုသမှုခံနေရဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အောက်တိုဘာလ (၁၀) ရက်နေ့ ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝှမ်းမှာ ပြီးခဲ့တဲ့ (၂၄) နာရီအတွင်း ကိုဗစ်အတည်ပြု လူနာသစ် (၂၃၂)ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here