ကာမိုင်းမြို့တွင် စစ်ကိုင်းဘက်မှ ရောက်ရှိလာသည့် စစ်ကောင်စီတပ်သားများမှ လမ်းသွားလမ်းလာပြည်သူများအား စစ်ဆေးရေးတင်းကြပ်နေ

142

မေ၊၃၀

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့မှာ စစ်ကိုင်းဘက်ကနေ တပ်ပြောင်းလာတဲ့ စစ်ကောင်စီတပ်သားတွေကနေ လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

 

အခုပြောင်းလာသူတွေဟာ စစ်ကိုင်းတိုင်းဘက်က တပ်မ (၃၃) တပ်သားတွေ ဖြစ်ပြီး လက်ရှိ ကာမိုင်းမြို့တွင်းနဲ့ မြို့ပြင်ဘက် လမ်းဆုံတွေမှာ လမ်းသွားလမ်းလာ ပြည်သူတွေကို တားဆီးစစ်ဆေးတာတွေ တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။

 

စစ်ဆေးတဲ့နေရာတွေမှာ အင်အား(၂၀)လောက် စောင့်ကြပ်ကြပြီး ကားတွေကို စစ်ဆေးတာအပြင် သေနတ်ပါ/မပါနဲ့ ဖုန်း စတာတွေကို စစ်ဆေးနေကြတယ်လို့လည်း ဒေသခံပြည်သူ တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

 

အဲဒီတပ်သားတွေဟာ ကာမိုင်းဘက် အခုမှရောက်ရှိလာတဲ့ လူသစ်တွေ ဖြစ်တဲ့အတွက် ခရီးသွားတွေကိုသာမက ကာမိုင်းမြို့ခံပြည်သူတွေကိုပါ စစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။

 

“လူသစ်တွေ ဆိုတော့ ရွာခံတွေကိုရော အကုန်စစ်တယ်။ ခုထိဖမ်းတာတာ့ မကြားသေးဘူး။ ခုဝင်လာတာက(၁၀၀)လောက်တော့ ရောက်မယ်”လို့ ကာမိုင်းဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

 

အထက်ပါ တပ်သားတွေဟာ ကာမိုင်းမြို့တွင်း ရောက်ရှိနေတာ ၁၀ ရက်ကျော်လောက် ရှိနေပြီ ဖြစ်ပြီး စစ်ဆေးမှုတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

 

ကာမိုင်းမြို့အတွင်း စစ်ကောင်စီတပ်တွေကနေ လမ်းသွားပြည်သူတွေကို ရှောင်တခင် စစ်ဆေးတာတွေ မကြာခဏ ပြုလုပ်လေ့ရှိနေတာလည်း ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here