စစ်ကိုင်းတိုင်းဘက်ကို ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနှင့် KIA၊PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား (၁၉) ဦးသေဆုံးဟုဆို

460

ဇူလိုင်၊၂၉

ကချင်ပြည်နယ်အတွင်းကနေ စစ်ကိုင်းတိုင်းဘက်ကို ပြန်ထွက်တဲ့ စစ်ကောင်စီစစ်ကြောင်းတစ်ကြာင်းနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်တို့ မနေ့က ထိတွေ့မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် (၁၉) ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

မနေ့က ဇူလိုင်လ (၂၈) ရက်နေ့ နံနက်ပိုင်း (၉) နာရီလောက်က ကချင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်း စပ်ကြား မော်လူး၊ မော်ဟန်ဘက်က နန့်စီးအောင်ဂိတ်နားမှာ ကချင်ပြည်နယ်က ထွက်လာတဲ့ စစ်ကောင်စီတပ်မ (၃၃) အဖွဲ့ရဲ့ စစ်ကြောင်းတစ်ကြောင်းကို KIA နဲ့ PDF ပူးပေါင်းတပ်တို့ တိုက်ခိုက်ခဲ့တဲ့အချိန် စစ်ကောင်စီဘက်က (၁၉)ယောက်ခန့် သေဆုံးခဲ့ပြီး ဒဏ်ရာရှိသူများတယ်လို့ အနီးအနားမှာရှိတဲ့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

စစ်ကြောင်းတစ်ကြောင်းက ကချင်ပြည်နယ်ထဲကနေ စစ်ကိုင်းဘက်ကိုပြန်ထွက်တယ်။ နန့်စီးအောင် ခေါ်မှာပေါ့နော်။ စစ်ကိုင်းနဲ့ ကချင်ဂိတ်နားလေးလေ မော်လူး၊မော်ဟန် ဘက်ပေါ့။ မနေ့က မနက် (၉) နာရီလောက်က ဖြစ်သွားတယ်ပြောတယ်။ စစ်ကောင်စီယာဉ်တန်းက မိုင်းဆွဲတာလည်းခံရပြီးတော့ အပစ်လည်း ခံလိုက်တော့ (၁၉) ယောက်လောက်တော့ကျပြီးတော့ တော်တော်များများ ဒဏ်ရာရတယ်ပြောတယ်” လို့ ဒေသခံက ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ ကချင်ပြည်နယ် ဆယ်ဇင်းကျေးရွာကနေ ထွက်တဲ့ စစ်ကြောင်းဖြစ်ပြီး အထွက်မှာတင် KIA နဲ့ PDF တို့ရဲ့ တိုက်ခိုက်တာကို ခံခဲ့ရတာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here