အောင်မြေ(၂) ကျေးရွာတွင် KIA တပ်ဖွဲ့ဝင်တစ်ဦး ပစ်ခတ်ခံ ရသည်မှာ မှန်ကန်ကြောင်း KIA အတည်ပြု

329

ဇွန်၊၂၃

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ အောင်မြေ(၂)ကျေးရွာမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တပ်ဖွဲ့ဝင်တစ်ဦးကို စစ်ကောင်စီ လက်အောက်ခံ စစ်သားတွေက မနေ့ကညနေ(၂)နာရီလောက်မှာ ပစ်သတ်သွားတဲ့သတင်း မှန်ကန်ကြောင်း KIO/KIAသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုဖြေကြားပါတယ်။

အောင်မြေ(၂)ကျေးရွာက မူးယစ်ဆေးဝါးရောင်းသူတွေကို ဖမ်းခေါ်လာချိန် လမ်းမှာတင် စစ်သားတွေက လာရောက်ပစ်ခတ်တာ ခံရတာကြောင့် KIAစစ်သားတစ်ဦး သေဆုံးသွားရတာ ဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“မူးယစ်ဆေးဝါးရောင်းတဲ့ သူတွေကို စုံစမ်းပြီး မူးယစ်ဆေးဝါးနဲ့အတူ ဖမ်းခေါ်လာနိုင်ခဲ့တဲ့အချိန် လမ်းမှာ စစ်ဆေးမေးမြန်းနေချိန်မှာ စစ်သားတွေ လာပစ်လို့ တစ်ယောက် ဆုံးသွားပြီ။ ကျန်တဲ့သူ အားလုံး ထွက်ပြေး လွတ်မြောက်လာတယ်။”လို့ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ရွာအတွင်း မူးယစ်ဆေးဝါးရောင်းသူတွေ များလာတာသာမက ခိုးမှုတွေ များလာတယ်လို့ ပြည်သူတွေ တိုင်ကြားလာတဲ့ အတွက် စုံစမ်းပြီး သွားရောက် ဖမ်းဆီး ခေါ်ဆောင် လာတဲ့ အချိန် လမ်းမှာတင် ပစ်ခတ် ခံရတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here