Mister and Miss Tourism and Culture Universe 2019 Grand Final ပြိုင်ပွဲကို ဒီဇင်ဘာလတွင် ကျင်းပမည်

2943
Mister and Miss Tourism and Culture Universe 2019 Grand Final

မြစ်ကြီးနား၊ မေ၂၇

Mister and Miss Tourism and Culture Universe 2019 Grand Final ပြိုင်ပွဲကို လာမည့် ဒီဇင်ဘာလတွင် ရန်ကုန်မြို့၌ ဆက်လက်ကျင်းပသွားမည်ဖြစ်၍ ထိုပြိုင်ပွဲသို့ ကချင်ပြည်နယ် ကိုယ်စားပြုအနေဖြင့် ဗန်းမော်မြို့မှ Model ကိုအောင်မျိုးနှင့် မနှင်းသက်သက်ဝေတို့ သွားရောက်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိ ယင်းပြိုင်ပွဲအတွက် လိုအပ်သည်များကိုကျွမ်းကျင်သူများနှင့် လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိကြောင်း City Director ကိုပြည့်စုံအောင်က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

 “Final ပွဲအတွက် Date တော့အတိအကျ မထွက်သေးဘူး။ ဒီဇင်ဘာလဆိုတာပဲ သိရသေးတယ်။ အခုတော့ သူတို့ Body အတွက် ဦးစိန်မြင့်ဇော်ရဲ့ gym ခန်းမှာဆော့ပြီး Train နေကြပါတယ်။ Beauty အတွက်လည်း Skill တွေထိန်းသိမ်းနေကြတယ်။ Designer အကျႌကြော်ငြာလေးတွေလည်း လက်ရှိ ရိုက်ဖြစ်နေပါတယ်။ လက်ခံထားတဲ့ရှိုးပွဲတွေမှာလည်း ပွဲအတွေ့အကြုံပိုရအောင် လျှောက်ဖို့ ရှိနေပါတယ်။ သူတို့ထပ် ယှဉ်ပြိုင်မယ့် ရန်ကုန်ပြိုင်ပွဲမှာလည်း အကောင်းဆုံးယှဉ်ပြိုင်နိုင်မယ်ဆိုတာ ယုံတယ်။ ကျွန်တော်တို့ဘက်ကလည်း သူတို့ကိုပြိုင်ပွဲတစ်လျှောက် ပံ့ပိုးသွားမှာပါ” ဟု ကိုပြည့်စုံအောင်က ပြောသည်။

Mister and Miss Tourism and Culture Universe 2019 ပြိုင်ပွဲကို  မြစ်ကြီးနားမြို့ရှိ အောင်နန်းကက်သလစ်ဘုရားကျောင်းတွင် ပြုလုပ်ခဲ့ရာ  ကိုအောင်မျိုးနှင့် အလှမယ်နှင်းသက်သက်ေ၀ တို့က winner ဆုများ ရရှိခဲ့သည်။

ထို့အပြင်  အဆိုပါပြိုင်ပွဲတွင် 1st Runner Up ဆုရှင်အဖြစ် အလှမောင်ဒွဲဂျာအောင်၊ 2nd Runner Up ဆုရှင်အဖြစ် အလှမောင် စိုင်းသန့်ဇင်၊ အလှမယ် 1st Runner Up ဆုရှင်အဖြစ် အလှမယ် ဂျေချားချာ၊ 2nd Runner Up ဆုရှင်အဖြစ်အလှမယ်ဂျာဆိုင်းတို့က ရရှိခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် Mister ၁၄ ဦးနှင့် Miss ၁၃ ဦး ယှဉ်ပြိုင်ခဲ့ကြရာ တူညီဝတ်စုံများ၊ မြန်မာဝတ်စုံများ၊ ညနေခင်းဝတ်စုံများဖြင့် ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။

ဆိုင်း (ကချင်မြေ)

LEAVE A REPLY

Please enter your comment!
Please enter your name here