Mrs Union Of Kachin State 2018 အိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲ သုံးဦးရွေးချယ်

2326

မတ် ၅

မြစ်ကြီးနားမြို့ရှိ အောင်နန်း RC ဘုရားကျောင်းတွင် ကျင်းပခဲ့သော Mrs Union Of Kachin State 2018 Grand Final အိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲတွင် မြစ်ကြီးနားကိုယ်စားပြု၊ မိုးညှင်းကိုယ်စားပြုနှင့် ဗန်းမော်ကိုယ်စားပြု အိမ်ထောင်ရှင်အလှမယ်သုံးဦးကို ရွေးချယ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အိမ်ထောင်ရှင် အလှမယ်ပြိုင်ပွဲကို မတ်လ ၅ ရက်က ကျင်းပခဲ့ပြီး Mrs Union Of Kachin State 2018 Myitkyina ဆုရှင်အဖြစ် အလှမယ် ထူးကေခိုင်၊  Mrs Union Of Kachin State 2018 Banmaw ဆုရှင်အဖြစ်  အလှမယ် ခင်မာဌေး၊  Mrs Union Of Kachin State 2018 Monyinဆုရှင်အဖြစ် အလှမယ် နုနုဝင်းတို့ကို ရွေးချယ်ခဲ့သည်။

ထိုပြိုင်ပွဲဝင် ရွေးချယ်ခံခဲ့ရသည့် အဆိုပါအလှမယ်သုံးဦးသည် ရန်ကုန်မြို့တွင် ထပ်မံကျင်းပသွားမည့် Mrs Union Of Myanmar 2018 ပြိုင်ပွဲသို့ ထပ်မံသွားရောက် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း City Director ကိုပြည့်စုံအောင်က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“ကျွန်တော်တို့ ရွေးချယ်ခဲ့တဲ့ အိမ်ထောင်ရှင် အလှမယ်တွေက တကယ်ကိုတော်လို့၊ အရည်အချင်းရှိတဲ့ အလှမယ်လေးတွေဖြစ်လို့ ကချင်ပြည်နယ်ကိုယ်စားပြုအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။ သူတို့ ထပ်ယှဉ်ပြိုင်မယ့် ရန်ကုန်ပြိုင်ပွဲမှာလည်း အကောင်းဆုံး ယှဉ်ပြိုင်နိုင်မယ်ဆိုတာ ယုံတယ်။ ကျွန်တော်တို့ဘက်ကလည်း သူတို့ကို ပြိုင်ပွဲတစ်လျှောက် ပံ့ပိုးပေးသွားပါ့မယ်”ဟု ကိုပြည့်စုံအောင်က ပြောသည်။

ထို့အပြင် အဆိုပါ အိမ်ထောင်ရှင် အလှမယ်ပြိုင်ပွဲတွင် 1st runner up ဆုရှင်အဖြစ် အလှမယ် နှင်းသီတာအောင်၊ 2nd runner up  ဆုရှင်အဖြစ် အလှမယ်ငြိမ်းငြိမ်းစံ၊ The Best Photogenic Award ကို အလှမယ်နန်ထု၊ Mrs Confidence Award ကို နှင်းသီတာအောင်၊ The Best Personality ကို အလှမယ် မရန်ခေါန်နူး၊ The Best Catwalk  ကို အလှမယ်လုနန်အပြင် The Best Talent Award ကို အလှမယ် ခင်မာဌေးနှင့် People Choice Award ကို အလှမယ်ထူးကေခိုင်တို့က ရရှိခဲ့သည်။

အဆိုပါ အလှမယ်ပြိုင်ပွဲတွင် အလှမယ် ၁၈ ဦး က တူညီဝတ်စုံ၊ မြန်မာဝတ်စုံ၊ ညနေခင်းဝတ်စုံများဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။

ဆိုင်းထွယ်ဇင်

LEAVE A REPLY

Please enter your comment!
Please enter your name here