ဝိုင်မော်မြို့ ရှိ စစ်ကောင်စီ၏ တပ်ရင်း(၅၈) မှ နန်ဇော်ယန်ကျေးရွာဘက်သို့ လက်နက်ကြီးများ ပစ်ခတ်

330
ဝိုင်းမော်တပ်ရင်း(၅၈)

ဇူလိုင်၊၁၄

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့က စစ်ကောင်စီ တပ်ရင်း(၅၈)ကနေ ဒီကနေ့ (၂)နာရီ‌လောက်ကနေစပြီး လက်နက်ကြီး ပစ်ခတ်သံကြားနေရတယ်လို့ သိရပါတယ်။

အဲဒီတပ်ရင်းကနေ နန်‌ဇော်ယန်ကျေးရွာဘက်ကို ချိန်ပစ်တာ ဖြစ်ပြီး လက်ရှိအချိန်အထိ လက်နက်ကြီး ပစ်ခတ်သံ(၆)ချက်အထိ ကြားရပြီလို့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“(၅၈)တပ်ရင်းကနေ ပစ်နေတာ။ နန်ဇော်ဘက်ကိုပေါ့။ သေနတ်သံ မြည်လာတော့ ကျောင်းသားမိဘတွေလည်း သွားကြိုကြပေါ့။ ဆရာမတွေလည်း တာဝန်မယူနိုင်တော့ လွှတ်ပေးလိုက်ကြတာပေါ့။ ဒီနေ့တော့(၆)ချက်လောက် ရှိနေပြီ။ “လို့ သူက ဆိုပါတယ်။

လက်ရှိ ပြည်သူတွေအနေနဲ့ သတိထား သွားလာနေရပြီးတော့  စိုးရိမ်ထိတ်လန့် နေကြရတယ်လို့ ဆိုပါတယ်။

ဝိုင်းမော်မြို့နယ်၊ ဝါးရှောင်ကျေးရွာအနီး နန်ဇော်ယန်ကျေးရွာ ဘက်မှာ လက်ရှိကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်ဖွဲ့၊ လီဆူပြည်သူ့စစ်အဖွဲ့တို့အကြား ဇူလိုင်လ(၁၀)ရက်နေ့ကနေစပြီး လက်ရှိအချိန်အထိ တိုက်ပွဲတွေ ဖြစ်ပွား‌နေပြီး စစ်ရေးတင်းမာမှုတွေ ရှိနေဆဲလည်း ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here