ဂျော်မဆတ်စစ်ရှောင် စာကြည့်တိုက်တွင် စာအုပ်နှင့် အသုံးဆောင်ပစ္စည်းများ လိုအပ်

908
jaw masat library

မေ၊၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နောင်နန်းတိုက်နယ်၊ မော်တောင့်ကျေးရွာရှိ ဂျော်မဆတ်စစ်ရှောင်စခန်း စာကြည့်တိုက်တွင် စာအုပ်နှင့် အသုံးအဆောင်ပစ္စည်းများ လိုအပ်နေကြောင်း သိရသည်။

ယင်းစာကြည့်တိုက်အား လူမှုကွန်ရက်စာမျာနှာ( Social Media)များနှင့် ဂိမ်းများတွင် အချိန်ကုန်နေသည့် လူငယ်များအား စာပေလေ့လာစေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ လက်ရှိတွင် လူငယ်များ ဗဟုသုတရရှိစေမည့် စာအုပ်များနှင့် စားပွဲ၊ထိုင်ခုံ စသည့် ပရိဘောဂပစ္စည်းများ လိုအပ်လျှက်ရှိပြီး ပါဝင်ကူညီလိုသူများအနေဖြင့် လာရောက်ကူညီနိုင်ကြောင်းလည်း ဂျော်မဆတ်စစ်ရှောင်စခန်း စာကြည့်တိုက် တာဝန်ခံဆရာက မြစ်ကြီးနားသတင်းဂျာနယ် မှတဆင့် ပြောသည်။

လူငယ်တွေ ပိုတိုးတက်ပြီး အမြင်ပွင့်စေမယ့် အသိပညာပေးစာအုပ်တွေ ဗဟုသုတစာအုပ်မျိုးတွေ အများကြီး လိုအပ်နေပါတယ်။ ကူညီထောက်ပံ့ချင်တဲ့သူတွေရှိရင် စာအုပ်တွေဖြစ်ဖြစ် ငွေကြေးပိုင်းကဖြစ်ဖြစ် ပါဝင်ကူညီလို့ရပါတယ်လို့ ပြောချင်ပါတယ်။” ဟုဆိုသည်။

ယခုကဲ့သို့ စာကြည့်တိုက်ဖွင့်လှစ်ပေးထားခြင်းကြောင့် လူငယ်များအတွက် အကျိုးကျေးဇူးများစေသည့်အပြင် နောက်ထပ် အသက်မွေးဝမ်းကျောင်းဆိုင်ရာ စာအုပ်များနှင့် ခွန်အားရစာပေများလည်း ထားရှိပေးထားစေချင်ပြီး ကူညီပေးကြဖို့ မျှော်လင့်နေကြောင်း စစ်ရှောင်လူငယ် အမျိုးသမီး တစ်ဦးက ပြောသည်။

စာအုပ်တွေ စုံစုံလင်လင်မရှိသေးတော့ ခေါင်းဆောင်မှုစာအုပ်တွေ စီးပွါးရေးနဲ့ အသက်မွေးဝမ်းကျောင်းစာအုပ်တွေလည်း ရှိစေချင်ပါတယ်။စာအုပ်တွေ အကူအညီပေးဖို့ကိုလည်း မျှော်လင့်ပါတယ်။ ညီမတို့အတွက်လည်း အသိပညာတွေ ဗဟုသုတတွေ ဒီစာအုပ်တွေထဲက ရမှာဆိုတော့ စာအုပ်တွေ ကူညီပေးမယ်ဆိုရင် ညီမတို့ဘက်က အမြဲတမ်း ဝမ်းသာစွာနဲ့ကြိုဆိုနေပါတယ်။”ဟု ပြောသည်။ ဂျော်မဆတ် စစ်ရှောင်ပြည်သူများသည် တနိုင်းမြို့နယ်၊ အောင်လောဒ့်ကျေးရွာ ဒေသခံများဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသူများဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here