အနုပညာ လက်ရာတွေကို ပုံဖော်တဲ့ မြန်မာ့ပန်းဆယ်မျိုးစာရင်းဝင် ပန်းပုလုပ်ငန်းဖြစ်တဲ့ သစ်သားကို ဖန်တီးတဲ့ပန်းပု၊ ပလာစတာနဲ့ဖန်တီးတဲ့ပန်းပု၊ ကျောက်ကို ဖန်တီးတဲ့ပန်းပုဆိုပြီး အမျိုးမျိုးရှိပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာနေထိုင်တဲ့ လူမှုရေးအသင်းအဖွဲ့တွေ ဘာသာရေး အဖွဲ့တွေ အတွက် မယ်တော်ရုပ်ထုတွေကို ထုဆစ်ပြုလုပ်ပေးနေတဲ့ ပလာစတာပန်းပုပညာရှင် ဆရာ ဇိန်ထုန်းခါးလီက ပန်းပုလက်မှုပညာရှင်တွေ ရှားပါးတဲ့အကြောင်းကို အခုလိုပြောပြပါတယ်။
“လက်ရှိ မြန်မာနိုင်ငံရဲ့ပန်းပုလုပ်ငန်း ကောင်းပေမယ့် နယ်ဘက်မှာကျတော့ အများပိုင်းက လွယ်လွယ်ကူကူနဲ့ သူများလုပ်ထားတဲ့ ပုံတော်ပစ္စည်းတွေကို မှာယူပြီးသုံးကြတဲ့အခါကျတော့ ကျွန်တော်တို့ ဒီနယ်ဘက်တွေမှာ ဒီ ပန်းပုတတ်တဲ့သူတွေ ရှားသွားသလို ဖြစ်သွားတယ်”လို့ ပြောပါတယ်။

“အထူးသဖြင့် ကချင်ပြည်နယ်ဘက် ကျတော့ ခရစ်ယာန်ဆိုလည်း ရိုမန်ကစ်သလစ်လောက်ပဲ သုံးတဲ့ အခါကျတော့ နည်းသွားတာဖြစ်တယ်”လို့ ဆက်ပြောပါတယ်။
ရိုမန်ကက်သလစ် ဘုရားကျောင်း တော်တော်များများမှာ ဘုရား ပုံတော်အမျိုးမျိုးကိုတွေ့ရပြီး ဆရာအနေနဲ့ ဘုရား ပုံတော်တွေကို အများဆုံး လက်ခံဖြစ်တယ်လို့ ပြောပါတယ်။
“နေရာတစ်ရာက ဘုရားကျောင်းတိုင်းမှာ လိုအပ်တဲ့ပုံတော်တွေကို ဒီမှာလုပ်ခိုင်းတဲ့အတွက် အများပိုင်းက ဒီဘုရားပုံတော်တွေ လုပ်ဖြစ်သွားတာဖြစ်တယ်၊ ဒါပေမဲ့တစ်ခြား ကိုယ့်အဘိုးအဖွား။ အမှတ်တရအနေနဲ့ ကိုယ်တစ်ပိုင်းပုံစံ၊ ဆုံးသွားတဲ့ အဘိုးအဖွားပုံတော်တွေ သူတို့လိုချင်တဲ့ ပုဂ္ဂိုလ်တွေရဲ့ပုံတော်တွေကို လုပ်ပေးတယ်”လို့ ပြောပါတယ်။
ပလာစတာပန်းပု ဖြစ်တဲ့အတွက် ကိုယ်လိုချင်တဲ့ပုံ။ အရွယ်အစားကို ရွှံ့နဲ့ကိုင်ပြီး ဦးစွာ မတူတူအောင် လုပ်ယူပြီး နောက်ပိုင်းမှ ပုံစံခွက်လုပ်ယူပြီး ပလာစတာ၊ ဘိလပ်မြေနဲ့ လောင်းပြီး အဆင့်ဆင့် ပြုလုပ်ရကြောင်း သိရပါတယ်။
ပုံတစ်ခု လုပ်ရာမှာ အချိန်တစ်လလောက် ယူရပြီး၊ တစ်ပေကို ၁ သိန်းနှုန်းနဲ့ ပြုလုပ်ပေးပြီး၊ ပန်းပုလက်မှုပညာကို စိတ်ဝင်စားတဲ့ မျိုးဆက်သစ် လူငယ်တွေ၊ တတ်ချင်သူတွေ လာရောက် ကြည့်ရှုနိုင်တယ်လို့ ဇိန်ထုံးခါးလီက ပြောပါတယ်။
အက်စတာ







