ဧပြီ၊၄
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ တရုတ်နယ်စပ် လွယ်ဂျယ်မြို့မှာ စစ်ကောင်စီတပ်သားတွေ ကျန်ရှိနေသေးတာကြောင့် မြို့ကိုအလုံးစုံထိန်းချုပ်နိုင်တာတော့ မရှိသေးပေမဲ့ စစ်ကောင်စီတပ်သားတွေကို အနီးကပ်စောင့်ကြည့်ထားတယ်လို့ (KIO/KIA)ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
လက်ရှိမှာတော့ လွယ်ဂျယ်မြို့အတွင်း KIA ဘက်က အုပ်ချုပ်ရေးယန္တရားဖော်ဆောင်တာတွေ မရှိသေးဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“အနီးကပ်စောင့်ကြည့်ထားပြီ။ သူတို့ မြို့ဘက် ထွက်မလာနိုင်အောင်၊ လုပ်ငန်းတွေ မလုပ်နိုင်အောင် နီးနီးကပ်ကပ် စောင့်ကြည့်နေတယ်”လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဒါ့အပြင် လွယ်ဂျယ်မြို့အတွင်းက ရဲစခန်းမှာတာဝန်ကျတဲ့ ရဲတပ်သားတွေအားလုံး စခန်းစွန့်ခွာပြီး စစ်ကောင်စီတပ်ဘက် ပူးပေါင်းသွားတဲ့အပြင် အရပ်ဘက်ဝန်ထမ်းအချို့ကလည်း မိမိအစီအစဉ်နဲ့ ထွက်သွားတာတွေတော့ ရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက အခုလို ဆက်လက် ပြောပါတယ်။
“စစ်ကောင်စီတပ်သားတွေလည်း တပ်တွင်းမှာပဲ ရှိတယ်။ ရဲတွေကတော့ သူတို့စခန်းကို စွန့်ခွာပြီး တပ်နဲ့ ပေါင်းသွားတာတယ်ဆိုတာ သိရှိရတယ်။ KIAဘက်က နယ်မြေ သွားရောက် ကြည့်ရှုတာ သတင်းရရှိတယ်။ လွယ်ဂျယ်တစ်ခုလုံး ဝင်သိမ်းပြီး အကုန်ထိန်းချုပ်တာတော့ မရှိဘူး”လို့ ဆိုပါတယ်။
လွယ်ဂျယ်မြို့ဟာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ လုံချွန်းကောင်တီနဲ့ နယ်နမိတ်ထိစပ်နေပြီး စစ်အစိုးရလက်ထက် ၂၀၀၂ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ အိမ်နီးချင်းလေးနိုင်ငံနဲ့ ကုန်သွယ်ဂိတ် ၁၀ ခုထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။
မတ်လ ၂၇ ရက်နေ့ကနေ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဘက်က မိုးမောက်-လွယ်ဂျယ်လမ်းပိုင်းက စစ်ကောင်စီစခန်းတွေကို စတင်တိုက်ခိုက်ခဲ့ပြီး စိန်လုံနဲ့ ယောယုံ ဗျူဟာကုန်း အပါအဝင် စစ်ကောင်စီရဲ့ စခန်း ၁၃ သိမ်းပိုက်နိုင်ခဲ့ပြီးတော့ လွယ်ဂျယ်မြို့ကိုလည်း မတ်လ ၂၈ ရက်နေ့က ပိတ်ဆို့တိုက်ခိုက်ခဲ့တာပါ။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)အနေနဲ့ အခုနှစ် မတ်လ ၇ ရက်နေ့ကနေစပြီး ထိုးစစ်ဆင်တိုက်ပွဲတွေ အရှိန်မြင့်လုပ်ဆောင်ခဲ့ပြီး လက်ရှိအချိန်မှာတော့ စစ်ကောင်စီရဲ့ စစ်ရေးအရ အရေးပါတဲ့ စခန်းကြီးတွေနဲ့ ရှေ့တန်းကာကင်း စခန်းငယ်တွေ စုစုပေါင်း စခန်းကြီး/ငယ် ၆၀အထက်ကို သိမ်းပိုက်ထ







