ကချင်ပြည်နယ်အတွင်း ဖုန်းနဲ့အင်တာနက် ပြတ်တောက်နေတာ ၃ လပြည့်ပြီ

153
ဓါတ်ပုံ- မြစ်ကြီးနားမြို့ရှိ MPT ရုံးအနီး ဖုန်းဆက်သွယ်ပြောဆိုနေကြသည့် ပြည်သူများ။

 

ဇူလိုင်၊၂၁

မြစ်ကြီးနားမြို့နယ် အပါအဝင် ကချင်ပြည်နယ်အတွင်း ဖုန်းနဲ့အင်တာနက်လိုင်း ပြတ်တောက်နေတာ ဒီကနေ့မှာ ၃ လပြည့်ပြီ ဖြစ်ပါတယ်။

မြစ်ကြီးနားမြို့နဲ့ တခြားမြို့တွေတွေ နေရာအချို့( MPT ရုံးအနီး၊ အစိုးရရုံးအနီး စသည်)မှာတော့ ဖုန်းဆက်လို့ရနေပေမဲ့ အင်တာနက်လိုင်းတွေကတော့ လက်ရှိအချိန်အထိ ပြတ်တောက်နေဆဲ ဖြစ်ပါတယ်။

အခုလိုဖုန်းနဲ့အင်တာနက်လိုင်းတွေ ပြတ်တောက်နေတဲ့အတွက် ဆက်သွယ်ရေးလိုင်းတွေကို မှီခိုပြီး အလုပ်လုပ်ကိုင်နေကြရတဲ့သူတွေနဲ့ အွန်လိုင်းကနေ ကျောင်းတက်နေတဲ့ လူငယ်တွေအတွက် ခက်ခဲနေပြီး ရန်ကုန်နဲ့ မန္တလေးလိုမြို့တွေမှာ အခက်အခဲတွေကြားကနေ သွားရောက်နေထိုင်နေရပါတယ်။

မြစ်ကြီးနားမြို့က နေရာရပ်ကွက်အချို့မှာ MPT၊ Ooredooeနဲ့ Atom(Telenor) ဖုန်းလိုင်းတွေ ရနေပေမဲ့ ဆက်သွယ်ပြောဆိုဖို့ ခက်ခဲနေသေးတဲ့ အခြေအနေပါ။

အင်တာနက်လိုင်းတွေလည်း မရရှိသေးတဲ့အတွက် မြစ်ကြီးနားမြို့နဲ့ ဖားကန့်မြို့က IP Star၊Star Link တပ်ဆင်ထားတဲ့ဆိုင်တွေမှာ တစ်နာရီ ၅,၀၀၀ ကျပ်ကနေ ကျပ်ကနေ ၂၀,၀၀၀ ကျပ်အကြား အင်တာနက်ဝန်ဆောင်ခပေးပြီး အသုံးပြုနေကြရပါတယ်။

ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတာကြောင့် ကချင်ပြည်နယ်က ပြည်သူတွေ ငွေလွဲငွေထုတ်ရာမှာလည်း အခက်အခဲတွေ ရင်ဆိုင်နေရတာပါ။

ဒါ့အပြင် မြစ်ကြီးနား-မန္တလေးလမ်းပိုင်းမှာလည်း တိုက်ပွဲတွေကြောင့် လမ်းတွေမကြာခဏ ပိတ်နေပြီး ကုန်စည်းစီးဆင်းမှု နှောင့်နှေးလျက်ရှိနေပါတယ်။

အခုလို လမ်းပိတ်တာတွေနဲ့ ဆက်သွယ်ရေးခက်ခဲတာတွေကြောင့် မြစ်ကြီးနားမြို့မှာ ကုန်ဈေးနှုန်းတွေ မြင့်တက်နေပြီး အခြေခံလူတန်းစား ပြည်သူတွေကတော့ နေ့စဉ်စားဝတ်နေရေးအတွက် အခက်ခဲတွေ ရင်ဆိုင်နေရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေကစပြီး မြစ်ကြီးနားမြို့အပါအဝင် ကချင်ပြည်နယ်က မြို့နယ်တော်တော်များများမှာ MPT၊ Ooredoo၊Mytelနဲ့ Atom ဖုန်းနဲ့ အင်တာနက်လိုင်းတွေ အကုန်ပြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။

အခုလို ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်သွားပြီးတဲ့ သုံးလအတွင်းမှာ ကချင်ပြည်နယ်အတွင်း KIA၊PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်လျက်ရှိနေပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here