ဖေဖော်ဝါရီ (၉)
ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းအား ယနေ့ည (၇) နာရီ အချိန်ခန့်တွင် ရဲတပ်ဖွဲ့မှ ခေတ္တလိုက်ခဲ့ရန် ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
မြစ်ကြီးနားမြို့ရှိ ဒူကထောင်ရပ်ကွက်ရှိ ဦးဒါရှီလဆိုင်း ၏နေအိမ်သို့ ရဲတပ်ဖွဲ့၀င် (၅)ဦးနှင့်အတူ အရပ်ဝတ်စုံဝတ်ထားသည့် အမျိုးသား ၄ ဦးခန့် ရောက်ရှိလာပြီး ရဲကားများဖြစ်ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ၀န်ကြီး၏ ဇနီးဖြစ်သူကပြောသည်။
“ဘာမှပါမသွားဘူး။ သူ့ဝတ်ထားတဲ့အဝတ်နဲ့ပဲလိုက်သွားတာ။ ဘယ်ကိုခေါ်သွားမယ်ဆိုတာတော့ မပြောဘူး။ ကျွန်မအထင် စစ်တပ်ဘက်ကို ခေါ်သွားလောက်တယ်။” ဟု အထက်ပါ အမျိုးသမီးက ရှင်းပြသည်။
ဦးဒါရှီလဆိုင်းသည် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ယနေ့ရက်စွဲဖြင့် ၀န်ကြီးချုပ်ကိုယ်စား ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာချက်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့အောက်ရှိ ဦးစီးဌာန အဖွဲ့အစည်းများနှင့် လက်အောက်ခံရုံးဌာန အသီးသီးမှ သက်ဆိုင်ရာ အရာရှိ/အရာထမ်းများအားလုံး အစိုးသစ်ဖွဲ့စည်းပြီးသည်အထိ ရုံးပိတ်ရက် သတ်မှတ်ကြောင်း၊ တပ်မတော်မှ ဥပဒေမဲ့ အာဏာသိမ်းခြင်းအပေါ် ရဲ၀င့်စွာဖီဆန်၍ ဆုံးဖြတ်ချက်ပြတ်သားသူ ပြည်သူ့၀န်ထမ်းများအား အလေးနက်ထက် မှတ်တမ်းတင် ဂုဏ်ပြုကြောင်း ပါရှိသည်။