တရုတ်အမျိုးသားနှစ်ဦးမှ ကျပ်သိန်းထောင်ချီ ရှိ မူးယစ်ဆေးဝါး ဖမ်းဆီးရမိ

1285

ဝိုင်းမော်၊ ဇန်နဝါရီ ၁၁

ဝိုင်းမော်မြို့နယ် မဒိန်ကျေးရွာအနီး မဒိန်ကျေးရွာနှင့် လဘန်ကျေးရွာသွား တောလမ်းတွင် တရုတ်အမျိုးသားနှစ်ဦးထံမှ ကာလတန်ဖိုး ကျပ်သိန်းပေါင်းထောင်ချီရှိ မူးယစ်ဆေးဝါးများကို ဇန်နဝါရီလ ၉ ရက်နေ့လည်အချိန်တွင် ဖမ်းဆီးရရှိကြောင်း သိရသည်။

အဆိုပါနေ့တွင် မြစ်ကြီးနားမြို့ မူးယစ်တပ်ဖွဲ့စု ၂ မှ ရဲအုပ်စိုင်းစံဖေ ဦးစီးအဖွဲ့သည် သက်သေများနှင့်အတူ မဒိန်ကျေးရွာနှင့်လဘန်ကျေးရွာသွား တောလမ်းတွင် မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းနေစဉ် တောင်မှမြောက်ဘက်သို့ မောင်းနှင်းလာသည့် ၁၂၅ ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာ ၎င်းတို့နှစ်ဦး၏ကျောပိုးအိတ်ထဲမှ ရောင်စုံဆပ်ပြာခွက်များအတွင်းမှပလပ်စတစ်အိတ် အကြည်ဖြင့်  ထည့်ထားသော ကာလတန်ဖိုး ၉၆၈,၀၀၀ ရှိ ဘိန်းဖြူများနှင့်အတူ လက်ကိုင်ဖုန်းတစ်လုံးကို သိမ်းဆည်းရမိကြောင်း သိရသည်။

ထို့နောက် ၎င်းတို့နှစ်ဦးကို ဆက်လက်စစ်ဆေးမေးမြန်းရာ ၎င်းတို့နေထိုင်သည့် ဝိုင်းမော်မြို့နယ် ဝူယာန်ကျေးရွာရှိ နေအိမ်အတွင်း မူးယစ်ဆေးဝါးများကျန်ရှိနေကြောင်း သိရသဖြင့် သက်သေများနှင့်အတူ သွားရောက်ရှာဖွေခဲ့ရာအိပ်ခန်းမျက်နှာကျက်ပေါ်တွင် ဝှက်ထားသော ရောင်စုံဆပ်ပြာခွက်အတွင်းမှ ကာလတန်ဖိုး ၂၆၇ယ၅၂၀ယ၀၀၀ ရှိမူးယစ်ဆေးဝါးများကို ဖမ်းဆီးမိခဲ့ရသဖြင့် ဝိုင်းမော်မြို့နယ်ရဲစခန်း မူးယစ်(ပ)၁၀/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိပြီး ကွင်းဆက် ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Ah Je

LEAVE A REPLY

Please enter your comment!
Please enter your name here