ဗန်းမော်မြို့နယ်အတွင်းရှိ ရပ်ကွက်အချို့တွင် စစ်ကောင်စီမှ မီတာခမပေးဆောင်းခြင်း မရှိသည့်အိမ်များကို မီတာဘောက်ဖြုတ်သိမ်း

0
125
လျှပ်စစ်မီတ်

ဇွန်၊၁၆

ဗန်းမော်မြို့နယ်ထဲက ရပ်ကွက်တချို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကနေ လျှပ်စစ်မီတာခတွေကို လိုက်လံကောက်ခံခဲ့ပြီး မီတာခပေးဆောင်ခြင်းမရှိတဲ့ အိမ် (၂) အိမ်ကို မီတာဘောက်တွေကို ဖြုတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။

ပေါက်ကုန်းရပ်ကွက် ရိုးကြီးရပ်ကွက် နဲ့ တာမိုင်းလုံကျေးရွာတို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကနေ ဒီကနေ့မနက်ပိုင်းကနေ မီတာခတွေ လိုက်လံကောက်ခံခဲ့တာဖြစ်ပါတယ်။

ပေါက်ကုန်းရပ်ကွက် နဲ့ ရိုးကြီးရပ်ကွက်မှာတော့ လက်နက်ကိုင်ဆောင်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ လျှပ်စစ်ရုံးကဝန်ထမ်းတွေက မနက် (၁၀) နာရီလောက်ကနေ တစ်အိမ်တက်ဆင်း မီတာခတွေလိုက်လံ ကောက်ခံခဲ့ပြီး နေအိမ် (၁၀၀) ကျော်ထဲက မီတာခပေးဆောင်ခြင်းမရှိတဲ့ အိမ်(၂) အိမ်ကို မီတာဘောက်တွေကိုတော့ ဖြုတ်သိမ်းသွားတယ်လို့ ဒေသခံတစ်ဦးက အတည်ပြုပြောဆိုပါတယ်။

တာမိုင်းလုံကျေးရွာမှာတော့ မီတာယူနစ်တွေကို စနစ်တကျမှတ်တမ်းတင် ကောက်ယူတာမရှိဘဲ ကျေးရွာမီးလင်းရေးကော်မတီက မီတာခတွေကို စိတ်ကြိုက်ကောက်ခံနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သူတို့ရဲ့မီတာစာရွက်ကိုပဲ ရွာက အုပ်ချုပ်ရေးမှူးတွေကနေ လာပေးသွားတာ။ သူတို့ကိုယ်တိုင်တော့မဆင်းလာဘူး။ သူတို့ရုံးမှာလာဆောင်ခိုင်းတယ်။ ပြီးတော့ မီတာကို ရမ်းဖတ်ပြီးမှကောက်တယ် မီတာကို အိမ်ထိလာပြီးမှလိုက်မဖတ်ဘူးလေ။ လိုက်မဖတ်ဘဲနဲ့ ဘယ်သူဘယ်ဝါ (မောင်ဖြူမောင်နီ) တစ်အိမ်ကို ဘယ်လောက်ဆိုပြီးမှကောက်တယ်။ တချို့ဆိုရင် မီတာခ လုံးဝမသုံးဘဲနဲ့ ပိတ်ထားတဲ့အိမ်တွေတောင် ၃ သောင်းကျော်ကျတဲ့သူတွေရှိတယ်။ ၂ သောင်းကျော်ကျတဲ့ သူတွေရှိတယ်။ နည်းနည်းလေးပဲ ရေတင်တာလောက် ထမင်းချက်တာလောက်တောင် ၆ သောင်းခွဲ အဲဒီလောက်ထိတောင်းတယ်။” ဟု ဒေသခံကဆိုသည်။

တာမိုင်းလုံကျေးရွာမှာ အရင် NLD အစိုးရလက်ထက်က မီတာခတွေကို ဖြတ်ပိုင်းတွေနဲ့ စနစ်တကျကောက်ခံလေ့ရှိပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းကနေ မီတာလိုက်ဖတ်တာတွေ မရှိတဲ့အပြင် လျှပ်စစ်မီးအသုံးနည်းပေမယ့် မီတာခတွေကို ပိုပေးနေရတယ်လို့လည်း ဒေသခံက ဆိုပါတယ်။

သူတို့က မီတာစာရွက်တွေကို ဖြတ်ပိုင်းတွေလည်းမပေးဘူး။ ဘာတစ်ခုမှမပေးဘဲ သူတို့ပါးစပ်နဲ့ပဲအော်ပြီးမှကောက်တာ။ ရွာပိုင်းဆိုတော့ သိတဲ့အတိုင်းပဲ ဒီတိုင်းတောင်းရင်လည်းပေးလိုက်တယ်။ တချို့ကလည်း လုံးဝမဆောင်ဘူးဆိုပြီး မဆောင်ကြဘူး။ ဘယ်လိုလာမလည်းမသိဘူး။ တစ်ချို့ကလည်း တစ်ခါတည်း အကုန်ဆောင်လိုက်ကြတယ်။ ကောက်တဲ့အချိန်လည်းစာရွက်မပေးဘူး ။” လို့ ဒေသခံက ဆိုပါတယ်။

ဒါ့အပြင် တားမိုင်းလုံ ကျေးရွာက ပြည်သူတွေဟာ ရပ်ရွာအတွင်း လျှပ်စစ်မီး ရရှိရေးအတွက် ကိုယ်ထူကိုယ်ထလုပ်ဆောင်ခဲ့ကြရတာပါ။

ပြီးခဲ့လကလည်း ဗန်းမော်မြို့နယ်အတွင်းက ခွန်သာရပ်ကွက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကနေ တစ်အိမ်တက်တစ်အိမ်ဆင်း မီတာခတွေလိုက်လံကောက်ခံခဲ့ပြီး မီတာဘောက်လိုက်လံ ဖြုတ်သိမ်းတာတွေပြုလုပ်ခဲ့တဲ့အပြင် တာမိုင်းလုံနဲ့ နန့်လှိုင်ကျေးရွာမှာ တစ်ရွာလုံးမီးဖြတ်တောက်တာတွေ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here