မိုးကောင်းမြို့ရှိ လမ်းဘေးဓါတ်တိုင်များတွင် တပ်က သတိပေးစာများကပ်ထား

762

မတ်၊၂၂

မိုးကောင်းမြို့ရှိ လမ်းဘေးဓါတ်တိုင်များတွင် အာဏာသိမ်းစစ်ကောင်စီမှ ယနေ့ မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းက သတိပေးနှိုးဆော်ချက် စတစ်ကာစာများ ကပ်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ယမန်နေ့ညကလည်း အသံချဲ့စက်များဖြင့် အော်သတိပေးကြောင်းလည်း သိရသည်။

အဆိုပါ သတိပေးနှိုးဆော်ချက်စတစ်ကာစာရွက်တွင် KIA (ကချင်)အကြမ်းဖက် သောင်းကျန်းသူများသည် အစွန်းရောက် ဆန္ဒပြခေါင်းဆောင်းများနှင့် ပူပေါင်းကာ မတ်လ (၂၂)ရက်နေ့မှ စတင်ပြီး မတ်လကုန် ကာလအတွင်း၎င်းတို့၏အမာခံအဖွဲ့များဖြင့် ဆူပူဆန္ဒပြများဖြစ်ပေါ်ရန် လှုံ့ဆော်ကာ ဆန္ဒပြသူ လူစုအတွင်းဗုံးခွဲခြင်း၊ ရပ်ကွက်ကျေးရွာများရှိ အိမ်အချို့ကို မီးရှို့ခြင်းပြုလုပ်ကာ တပ်မတော်က ပြုလုပ်သည်ဟု လိမ်လည်ဝါဒဖြန့်ရန် စီမံနေကြောင်း သတင်းရရှိသည် ဟု ပါရှိသည်။

ထို့အပြင် မိဘပြည်သူများအနေဖြင့် ၎င်းကာလအတွင်း ဆန္ဒပြမှုများတွင် လုံး၀ပါ၀င်ခြင်းမပြုလုပ်ရန် အထူးသတိပေးကြေငြာအပ်ပါသည် ဟုလည်း ပါရှိပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here