မြစ်ဆုံအထက်ပိုင်းတွင် တပ်မတော်နှင့် KIA တို့ တိုက်ပွဲဖြစ်ပွား၊ စစ်ဘေးတိမ်းရှောင်လာသူများလည်းရှိနေ

519

မတ်၊၁၅

မြစ်ဆုံအထက်ပိုင်း အင်ဂျန်းယာန်မြို့နယ်၊ ဂွေထော်ကျေး‌ရွာတွင် တပ်မတော်နှင့် KIA တို့တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

အဆိုပါတိုက်ပွဲသည် ယနေ့ညနေပိုင်း (၅)နာရီ(၁၅) မိနစ်ခန့်တွင် စတင်ဖြစ်ပွားခဲ့ကြောင်း တန်ဖရဲကျေးရွာ ဒေသခံတစ်ဦးကပြောသည်။

တိုက်ပွဲကြောင့် တန်ဖရဲ ကက်သလစ်ဘုရားကျောင်း၀င်းသို့ လာရောက်စစ်ရှောင်သည့် ပြည်သူ (၅၀)ကျော်ရှိ‌နေကြောင်း အသင်းတော်မှ တာ၀န်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

” တန်ဖရဲဂိတ်က ဗိုလ်ကြီးကို ဖုန်းဆက်တော့ မပိတ်ဘူး အခုတော့လို့ပြောတယ်။ တစ်ချို့က ဆင်းသွားပြီ။ တစ်ချို့က ကျောင်း၀င်းမှာပဲ၊ တစ်ချို့က ကျေးရွာက ဘုရားကျောင်း၀င်းထဲတွေမှာ ရှောင်နေကြတယ်။” ဟု ၎င်းကပြောသည်။

မြစ်ဆုံတဖက်ကမ်း မလိယာန်ဘက်သို့ အခင်းသွားရောက်လုပ်ကိုင်သည့် ပြည်သူအချို့က ဝိုင်းမော်မြို့နယ်ဘက်တွင် စစ်ရှောင်နေကြောင်း သိရသည်။

ဧရာ၀တီမြစ် မြစ်ဆုံအထက်ပိုင်းသည် KIA ၏ တပ်မဟာ-၁ တပ်ရင်း(၄/၇/၁၀/၂၂)၊ တပ်မဟာ-၇ တပ်ရင်း(၃၂/ ၃၃/၄၆) တို့အ‌ခြေချထားသည့် နေရာဖြစ်ကြောင်းလည်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here