အနုပညာရှင်များနှင့် လုပ်ငန်းရှင်များ၏ ရန်ပုံငွေဘောလုံးပွဲမှ ရရှိသော ငွေကျပ် သိန်းတစ်ရာကျော် ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

1187
အနုပညာ ဘောလုံးအသင်း

 

မြစ်ကြီးနား၊ မေ ၃၁
ဖားကန့်တွင် ကစားခဲ့သော သရုပ်ဆောင် လူမင်းဦးဆောင်သည့် အနုပညာရှင်များဘောလုံးအသင်းနှင့် ဖားကန့် လုပ်ငန်းရှင်အသင်းတို့၏ ချစ်ကြည်ရေးဘောလုံးပွဲမှ ရရှိသော ရန်ပုံငွေများကို စစ်ဘေးရှောင်ကူညီရေးအဖွဲ့သို့ ပေးအပ်သည့်အခမ်းအနားတွင် လုပ်ငန်းရှင်များနှင့် အနုပညာပိုးတဘက်(Shingni Nbat) အဖွဲ့တို့ ချစ်ကြည်ရေး ဘောလုံးပွဲ ထပ်မံဆင်နွှဲခဲ့သည်။

အနုပညာရှင်ဘောလုံးအသင်း

shingni nbat ဘောလုံးအသင်း shingni nbat ဘောလုံးအသင်း

ယနေ့ညနေ ၃ နာရီခန့်က မြစ်ကြီးနားမြို့ရှိ ပြည်နယ်ဘောလုံးကွင်းတွင် ဖားကန့်လုပ်ငန်းရှင်များအသင်းနှင့် စစ်ရှောင်များကို အကူအညီပေးနေသော အနုပညာပိုးတဘက်အဖွဲ့တို့ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။

ဖားကန့်လုပ်ငန်းရှင်အသင်းက လူမင်းတို့ အနုပညာရှင်များအသင်းနှင့် ကစားစဉ်ကရရှိခဲ့သည့် အလှူငွေ ကျပ် သိန်း ၁၂၀ ကို အနုပညာပိုးတဘက်အဖွဲ့ ဥက္ကဋ္ဌထံပေးအပ်ခဲ့သည်။

ထိုချစ်ကြည်ရေးဘောလုံးပြိုင်ပွဲတွင် တစ်ဖက်သုံးဂိုးစီ သရေကျနေသဖြင့် ပနယ်လ်တီအဆုံးဖြတ် ဆက်လက် ကစားခဲ့ရာ အနုပညာပိုးတဘက်အသင်းက အနိုင်ရရှိခဲ့သည်။

ဖားကန့်တွင် ယခုလ ၁၇ ရက်က ယှဉ်ပြိုင်ခဲ့သော ရန်ပုံငွေဘောလုံးပွဲတွင် သရုပ်ဆောင်များဖြစ်သည့် လူမင်း၊ ခင်လှိုင်၊ JZဒေါင်လွဏ်း၊ မင်းခန့်နှင့် ကချင်အနုပညာရှင်များပါဝင်ခဲ့ကြသည်။
ဆိုင်း (ကချင်မြေ)

Photo- salai ၊ ဆိုင်း(ကချင်မြေ)

LEAVE A REPLY

Please enter your comment!
Please enter your name here