ဆံပင်ကျွတ်ခြင်းကို ဘယ်လိုကာကွယ်ကြမလဲ

9604
ဒေါက်တာ ဦးအာဇီး
အရေပြားရောဂါနှင့် ကာလသားရောဂါအထူးကု ဆရာဝန်ကြီး ဒေါက်တာ ဦးအာဇီး (M.B.B.S.,D.D&S.T.D)

လူတစ်ယောက်အတွက် ဆံပင်ဟာ ကိုယ်ခန္ဓာမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဆိုရင်မမှားပါဘူး။ လူတွေရဲ့ ဒုတိယမျက်နှာလို့ သတ်မှတ်ထားတဲ့ ဆံပင်တွေ ကျွတ်လာတာ ယနေ့ခေတ်မှာ ပိုမိုများပြားလို့ လာနေပါတယ်။
ယနေ့ခေတ်မှာဆိုရင် အသင့်စား အစားအသောက်တွေ များလာတာကတစ်ကြောင်း၊ ခေတ်နဲ့အညီ ပေါ်ထွက်လာတဲ့ ဓာတုဆေး ပါဝင်တဲ့ အလှကုန်ပစ္စည်းတွေနဲ့ လူမှုနေထိုင်မှု ပုံစံတွေကြောင်း မိမိရဲ့ ဆံကေသာအလှအပကို ဆုံးရှုံးလာကြရပါတယ်။
ဆံပင်ကျွတ်ခြင်းဝေဒနာကို ခံစားနေတဲ့ သူတွေအတွက်ဆံကေသာ လှပကျန်းမာဖို့ ဘယ်လိုနည်းလမ်းတွေ လိုအပ်တယ်၊ ဘယ်လို ပြုမူနေထိုင်ရမယ်၊ ဘယ်လို ကာကွယ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး အရေပြားရောဂါနှင့် ကာလသားရောဂါအထူးကု ဆရာဝန်ကြီး ဒေါက်တာ ဦးအာဇီး (M.B.B.S.,D.D&S.T.D)နှင့် မေးမြန်းထားချက်တွေကို မြစ်ကြီးနားသတင်းဂျာနယ် စာဖတ်ပရိသတ်တွေဆီ ဝေမျှပေးလိုက်ရပါတယ်။

ပထမဦးဆုံး ဆံပင်ဘာကြောင့် ကျွတ်ရတယ်ဆိုတာ ရှင်းပြပေးပါဦး။
ကျွတ်တာက ဘာဖြစ်လို့လဲလို့ ရှာဖွေတဲ့အခါ ပညာရှင်တွေရဲ့ တွေ့ရှိချက်က၊ ဖြစ်နိုင်တာက ဟိုမုန်းပြောင်းလဲမှု၊ နာတာရှည်ရောဂါ၊ အရဟာရဓာတ်ချို့တဲ့မှု၊ အဆိပ်အတောက်တွေ စားသောက်တဲ့ထဲ ပါလို့ ဖြစ်တတ်တယ်။ ရောဂါတစ်ခုခုကြောင့် ဆေးဝါးတွေ စားတာ၊ ထိုးတာတွေ၊ လိမ်းတာတွေ ကြောင့်လည်း ကျွတ်တတ်တယ်။ နောက်ပြီး မျိုးရိုးကြောင့်လည်း ဖြစ်နိုင်သလို စိတ်ဖိစိမှုများတဲ့ အခြေအနေတွေမှာလည်း ဖြစ်တတ်ပါတယ်။ ခေါင်းမှာ ဗောက်တို့၊ ပွေးတို့ ရှိနေရင်လည်း ဆံပင်ကျွတ်လာရတာပါ။

ဆံပင်ကျွတ်တာက လူမှုနေထိုင်မှုတွေနဲ့ရော ဆက်စပ်မှုရှိနိုင်လား။
အခုခေတ်က အသင့်စား အစားအသောက်တွေ အရမ်းများလာတယ်။ သူကလည်း ဓာတုဓာတ်တွေ အများကြီးပါတယ်။ အနံ့ကောင်းအောင်၊ အရောင်လှအောင်၊ ကြာရှည်ခံဆေး စသဖြင့် အမျိုးမျိုးထည့်တဲ့အခါကျတော့ သူ့တစ်ကိုယ်လုံးထိခိုက်လာပြီ။ နောက်ပြီး ဆံပင်အလှပြင်တဲ့လူတွေ ခဏခဏ ဆံပင်ဆေးဆိုးတာ၊ ဖြောင့်တာ၊ ကောက်တာ၊ီမပနမ မှုတ်တာတို့ စသဖြင့် လုပ်တဲ့ အခါ၊ ခေါင်းလျှော်ရည်ကြောင့်လည်း ကျွတ်တတ်တယ်။ ကျွတ်တာကတော့ ပုံစံအမျိုးမျိုးပဲ။ နောက်ဆုံး ဘာကြောင့်မှန်းမသိဘဲနဲ့လည်း ကျွတ်တတ်တယ်။ တစ်ခု ပညာရှင်တွေ ရှာတွေ့တာက ကေအသ ငာာကညန ိငျနျေန ကြောင့် ဘာကြောင့်မှန်းမသိပဲနဲ့ ဖြစ်တတ်တာပေါ့။ ဆံပင်ကျွတ်တာလည်း အဲ့ဒါကြောင့်လားဆိုတာ သံသယ ရှိတာတို့ ရှိတာပေါ့။ အောတိုအင်မြူးဒီဇိက ပြောရမယ်ဆိုရင် ကိုယ်ခန္ဓာက၊ ကိုယ့်ရဲ့ကိုယ်ခန္ဓာ အစိတ်အပိုင်းတစ်ကိုယ်လုံးကို မှတ်မိတဲ့ မှတ်ဉာဏ်ဆိုတာရှိတယ်။ အဲ့ဒါတွေက ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ကာကွယ်တယ်။ အဲ့လို ပုံမှန်ဖြစ်နေတဲ့ အခါမျိုးမှာ သွေးသားတွေ ပြောင်းလဲလာတဲ့အခါ ကိုယ်အင်္ဂါကို မမှတ်မိတော့ဘဲနဲ့ ရန်သူလို့သတ်မှတ်လိုက်တာပေါ့။

ပုံမှန်အားဖြင့် လူတစ်ယောက် ဆံပင်ကျွတ်နေပြီဆိုတာ ဘယ်လိုသိနိုင်လဲ။
ခေါင်းဖီးလိုက်လို့ အပင် ၂၀၊ ၃၀ ကျွတ်ရင်တော့ ကျွတ်တယ်လို့ သတ်မှတ်တာပေါ့လေ။ အသွားစိပ်တဲ့ ဘီးနဲ့လည်း ဆိုင်တယ်။ ဆံပင်ကျွတ်တာက အများဆုံးခေါင်းမှာ ကျွတ်တာများတယ်။ အကွက်လိုက်ကျွတ်တာတွေ။ တစ်ခေါင်းလုံးကျွတ်သွားတာတွေ။ တချို့ကကျတော့ ခေါင်းပဲမကဘူး မျက်ခုံးမွှေး၊ မုတ်ဆိတ်မွေး။ တချို့က တစ်ကိုယ်လုံးကျွတ်တယ်။

ဆံပင်အကျွတ်နည်းအောင် ဘယ်လိုကုထုံးတွေ လိုအပ်ပါသလဲ။
အာဟာရဓာတ် မျှတအောင် စားသုံးသင့်တယ်။ အစုံစားပါလို့ ပြောချင်တယ်။ ရွေးမစားကြပါနဲ့။ ဆံပင်ကို တတ်နိုင်သလောက် သဘာဝနည်းနဲ့ ခြောက်အောင် လုပ်မယ်။ ဗီတာမင် ပါတဲ့ဟာတွေ စားပါ။ အသင့်စားအစာတွေကို မစားပါနဲ့။ သဘာ၀ အသီးအနှံ၊ အရွက်တွေကို များများစားပါ။ ရေကို အားရပါးရ သောက်ပါလို့။ ဗီတာမင်ပါတဲ့ အားဆေးတွေ စားပေးတာလည်း ကောင်းတယ်ပေါ့။ အခွံမာသီးတွေ စားကြပါ။ အရောင်စုံပါတဲ့ အသီးအနှံတွေ စားပါ။ အဲ့တာတွေက ဆံပင်တွက် အထောက်အကူပြုတယ်။ဆံပင်ကျွတ်ပြီဆိုရင်ရော မူလအခြေအနေလို ပြန်ပေါက်လာနိုင်လား။
သူရဲ့ ဖြစ်နေတဲ့ အခြေအနေပေါ်မူတည်ပြီး ပြန်မပေါက်တာလည်း ဖြစ်နိုင်တယ်။ ကျွန်တော့်ဆီမှာ စိတ်ရှည်ရှည်နဲ့ လာကုတဲ့သူတွေကတော့ ပေါက်လာတာတွေ့တယ်။ ဆံပင်ပေါက်တာတွေက ကြာတယ်လေ။ ကိုယ်ခံအားရော၊ လိုအပ်တဲ့ အာဟာရပံ့ပိုးတာတွေ လုပ်ရင်တော့ ပြန်ကောင်းလာ နိုင်ပါတယ်။

ဆံပင်မကျွတ်အောင် ဘယ်လို ကြိုတင်ကာကွယ်နိုင်မလဲ။
ဆံပင်နဲ့ ပတ်သက်ပြီး ဖြောင့်တာ၊ ကောက်တာတို့ကကျတော့ အခေါက်ရေများလေ ထိခိုက်မှုများလေပဲ။ ဆိုတော့ ဆံပင်အမျိုးမျိုးပြုပြင်တာကို အခေါက်ရေ လျှော့ကြပါလို့ ပြောချင်တယ်။ ဖြစ်နိုင်မယ်ဆို ဆေးမဆိုးကြဖို့။ ခေါင်းလျှော်ရည်နဲ့ ပတ်သက်ရင်တော့ ခေါင်းလျှော်ရည်ဖြစ်ဖြစ်၊ ဆပ်ပြာဖြစ်ဖြစ် ပျော့လေကောင်းလေပဲလို့။ ပျော့တာက ကလေးအသုံးအဆောင်ပစ္စည်းတွေ များတယ်လေ။ ပြောင်းနိုင်ရင်တော့ ကလေးအသုံးအဆောင်ကို ပြောင်းသုံးပါလို့။ စားသောက်တဲ့ အမူအကျင့်တွေကို ပြောင်းခိုင်းတယ်။ သဘာဝသံလွင်ဆီကို လိမ်းပေးဖို့ လုပ်ပေးစေချင်တယ်။ ဗီတာမင်အစုံပါတဲ့ဟာစားဖို့ ပြောချင်တယ်။

ဆရာ့အနေနဲ့ နောက်ထပ်ဘာများ ဖြည့်စွက်ပြီး ပြောချင်ပါသလဲ။
ဆံပင်ကျွတ်တာကတော့ လူတိုင်းမကြိုက်ကြဘူး။ မဖြစ်အောင်ကာကွယ်တဲ့နည်းကိုပဲ သုံးကြပါ။ ငယ်ရွယ်တဲ့အခါ မည်းတာလည်း သဘာဝပဲ။ ကြီးလာရင် ဖြူလာတာကလည်း သဘာဝပဲ။ အဲ့ဒါကို ငယ်ငယ်လေးနဲ့ ဖြူခြင်းဆိုးတယ်။ အမျိုးစုံဆိုးတယ်ဆိုတာက သဘာဝကို ဆန့်ကျင်တဲ့ဟာတွေဆိုတော့၊ ကောင်းတာထက် ဆိုးတာ ပိုများတယ်။ ဒါကြောင့်သဘာဝကိုပဲ လက်ခံထားကြပါလို့ ပြောချင်တယ်။ နောက်ပြီး အာဟာရကလည်း တစ်ကိုယ်လုံးအတွက် လိုအပ်တာမို့လို့ စုံစုံလင်လင် မျှမျှတတ စားကြပါ။ အစာမရွေးနဲ့။

Ann, Benadeth မေးမြန်းသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here