တိုက်ပွဲကြောင့် နန်ယားကျေးရွာက နေအိမ်တွေ ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေအတွက် KBC အသင်းတော်က ယာယီနေအိမ်တွေ တည်ဆောက်ပေးနေ

12

 

မေ၊၇

မြစ်ကြီးနား-ဖားကန့်လမ်းပေါ်က နန်ယားကျေးရွာမှာ တိုက်ပွဲကြောင့် နေအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ကချင်နှစ်ချင်းခရစ်ယန်အသင်းတော် (KBC) အသင်းသူ/သားတွေအတွက် ယာယီနေဖို့ အသင်းတော်က အိမ်တွေ ဆောက်ပေးနေကြတယ်လို့ သိရပါတယ်။

နန့်ယားကျေးရွာ KBC အသင်းတော်က မနေ့ မေလ ၆ ရက်နေ့မနက်က ယာယီနေလို့ရအောင် ဝါးအိမ်တွေ ဆောက်ပေးနေကြတယ်လို့ နန့်ယားကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်

အကုန်လုံးတော့မဟုတ်ဘူး။ ဘုရားကျောင်းက သူတို့အသင်းတော် KBC က အိမ်တွေကို တပြိုင်နက် ဆောက်ပေးနေတာ။” လို့ အထက်ပါ အမျိုးသမီးက ပြောပါတယ်။

မီးလောင်ပျက်စီးဆုံးရှုံးသွားတဲ့ ဒေသခံတွေဟာ ဆွေမျိုးအိမ်တွေနဲ့ လယ်တောတွေမှာ နေကြရပြီး မီးလောင်သွားတဲ့ နေအိမ်တွေကို ရှင်းလင်းရေးပဲ လုပ်ထားနိုင်တယ်လို့ သိရပါတယ်။

နန်ယားကျေးရွာက နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ရတဲ့ အခြားဒေသခံတွေလည်း ကိုယ်ထူကိုယ်ထ လုပ်အားနဲ့ ဆောက်နေတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးရဲ့ ပြောချက်အရ သိရပါတယ်။

နန့်ယားကျေးရွာမှာ KIA ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နန့်ယားကျေးရွာက အိမ်ခြေ ၂၀ ကျော် မီးလောင်ပြာကျသွားပြီး တခြားနေအိမ်၊ဆန်စက်၊ဘုန်းကြီးကျောင်းတွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

တိုက်ပွဲကြောင့် တိမ်းရှောင်သွားကြတဲ့ ဒေသခံတွေကို ဧပြီလ ၁၇ ရက်နေ့မှာ KIA ဘက်က နန့်ယားကျေးရွာထဲ ပြန်လာခွင့်ပြုခဲ့တဲ့အတွက် ဒေသခံတွေ ပြန်လာနေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့က နန့်ယားကျေးရွာက စစ်ကောင်စီတပ်ကို KIA ပူးပေါင်းတပ်တွေ သွားရောက်တိုက်ခိုက်ခဲ့ပြီး ဧပြီ ၁၂ ရက်နေ့မှာ စစ်ကောင်စီတပ်တွေ ဆုတ်ခွာသွားတာကြောင့် နန့်ယားစစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here