ဖားကန့်မှာ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)က တပ်ကြပ်ကြီးတစ်ဦးပစ်ခတ်ဖမ်းဆီးခံရပြီီး သေဆုံး

21

 

မေ၊၆

ဖားကန့်မြို့၊ဌက်ပျောတောရပ်ကွက်မှာ ဒီကနေ့ ညနေ ၇ နာရီခန့်က စစ်ကောင်စီ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)က တပ်ကြီးတစ်ဦးအပါ နောက်ထပ်တစ်ဦးကို အမည်မသိအဖွဲ့ကနေ ပစ်ခတ်ဖမ်းဆီးခဲ့ရာ တပ်ကြပ်ကြီး သေဆုံံးသွားတယ်လို့ သိရပါတယ်။

ဖားကန့်မြို့၊ ဌက်ပျော်တော နှစ်ခြင်းဘုရားကျောင်းရှေ့မှာ အထက်ပါနှစ်ဦးကို ဖမ်းဆီးခဲ့တဲ့အချိန် ပြန်လည်ခုခံတာကြောင့် ပစ်ခတ်ဖမ်းဆီးရာကနေ တစ်ဦးလွတ်မြောက်သွားပြီး စရဖတပ်ကြပ်ကြီးကတော့ သေနတ်ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်ကို ပြောပါတယ်။

တစ်ယောက်က ထွက်ပြေး လွတ်သွားတယ်။ တစ်ယောက်ကိုတော့ သေနတ်နဲ့ ပစ်ထားတယ်။” လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

အထက်ပါအမျိုးသား နှစ်ဦးကို KIA/PDF ပူးပေါင်းတပ်ဖွဲ့တွေက ပစ်ခတ်ဖမ်းဆီးတာလို့လည်း ပြောဆိုနေကြပါတယ်။

ဖားကန့်မြို့ပေါ် ဌက်ပျောတောရပ်ကွက်မှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ည ၇ နာရီခွဲခန့်မှာ စစ်ကောင်စီတပ်သားတွေ ရောက်ရှိလာတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးရဲ့ ပြောချက်အရ သိရပါတယ်။

သေဆုံးသွားတဲ့အထက်ပါ တပ်ကြပ်ကြီးကို လူမှုကူညီရေးအသင်းက ဖားကန့် ပြည်သူ့ဆေးရုံကြီးကို သယ်ဆောင်သွားပြီလို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့ကလည်း ဆိုင်းတောင်စစ်ကောင်စီရဲစခန်းက ဒုရဲအုပ်တစ်ဦးအပါ ရဲ ၂ ဦးဟာ ဆိုင်းတောင်ဘက် ဆင်းလာတဲ့အချိန် KIA၊KPDF တွေကနေ ပစ်ခတ်ဖမ်းဆီးခဲ့ပြီး သေဆုံးခဲ့ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here