တိုက်ပွဲကြောင့် မြစ်ဆုံအထက်ပိုင်း မလိဇွပ်ကျေးရွာမှ ပြည်သူများ ထပ်မံပြောင်းရွှေ့လာ

443

မတ်၊၁၇

မြစ်ဆုံအထက်ပိုင်း မလိဇွပ်ကျေးရွာမှ ပြည်သူအယောက် (၃၀) ခန့် ယနေ့မနက်ပိုင်း (၈)နာရီအချိန်တွင် စစ်ရှောင်လာခဲ့ကြောင်းသိရသည်။

ဂွေထော်ကျေးရွာအနီးတစ်ဝိုက်တွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ ယမန်နေ့ည (၇)နာရီခွဲခန့်အချိန်မှ ယနေ့နံနက် ၅နာရီအထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေသော‌ကြောင်း အနီးအနားရွာဖြစ်သည့် မလိဇွပ်ကျေးရွာမှ စစ်ရှောင်လာသူ တစ်ဦးကပြောသည်။

” မနေ့ည တစ်ညလုံးပစ်နေကြတယ်။ အိပ်တောင်မအိပ်ရဘူး။ တချို့က တောမှာထွက်ပြေးပီး အိပ်ရတယ်။ လက်နက်ကြီးလည်း ရွာနားမှာ (၃)ခုလောက်ကျခဲ့တယ်။ ထိခိုက်တာမျိုးတော့မရှိဘူး။” ဟု ၎င်းကပြောသည်။

မလိဇွပ်ကျေးရွာတွင် တချို့ပြည်သူများက စစ်မရှောင်ဘဲ ဆက်လက်ရှိနေပြီး မြစ်ဆုံအထက်ကျေးရွာများတွင် နှစ်ဖက်ပစ်ခတ်မှုများကြောင့် စစ်ရှောင်လာသူ (၂၀၀) ကျော်ရှိပြီဖြစ်ကြောင်းလည်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here