မိုးညှင်း၊မတ်(၁၇)
ကချင်ပြည်နယ်၊မိုးညှင်းမြို့တွင်
ယနေ့၊မတ်(၁၇)ရက်နံနက်(၁၀)နာရီအချိန်က အာဏာသိမ်းစစ်ကောင်စီအား ဆန့်ကျင်သည့် လမ်းလျှောက်သပိတ်ချီတက်လာစဥ် မိုးညှင်းမြို့မစျေးထောင့်၌ ရဲတပ်ဖွဲ့က အင်အားသုံးဖမ်းဆီးခဲ့သဖြင့် အမျိုးသား(၁)ဦးနှင့်အမျိုးသမီး(၂)ဦးဖမ်းဆီးခံခဲ့ရသည်။
ယနေ့ဆန္ဒထုတ်ဖော်ရာ တွင်ဖမ်းဆီးခံရသူများပြန်လည်လွတ်မြောက်နိူင်ရန် ဆရာတော်သံဃာတော်တစ်ပါးနှင့် ဖမ်းဆီးခံရသူများ၏မိဘများမြို့ခံပြည်သူများက မြို့နယ်ရဲစခန်းအထိ လိုက်လံတောင်းပန်ညှိနှိုင်းရာတွင်လည်း မိုးညှင်းမြို့မရဲစခန်းကလက်ခံမူ့မရှိငြင်းပယ်ခဲ့ကြောင်း ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များက ပြောသည်။
မိုးညှင်းတွင် စစ်ကောင်စီအား အလိုမရှိသည့် ဆန္ဒထုတ်ဖော်မူ့ကို ရဲနှင့်တပ်တို့မှ တင်းကြပ်သည့်ကြားက ဖေဖော်ဝါရီ(၈) ရက်နေ့မှ စတင်ကာ ယနေ့မတ်(၁၇) ရက်နေ့ အထိ ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့ရာ အဆိုပါ ဆန္ဒထုတ်ဖော်ပွဲများအတွင်း လက်ရှိဖမ်းဆီးခံရသူ ၈ ဦးအထိ ရှိပြီးဖြစ်သည်။
ထို့အပြင် မိုးညှင်းမြို့တွင် ကြိုးတံတားသစ်၌ မြို့နေလူထုအန္တရယ်ကင်းရေးပရိတ်ရွတ်ဖတ်ခဲ့ကြပြီး အာဏာရှင်စနစ်ကို အလိုမရှိကြောင်းကို Gzလူငယ်များကရရာနည်းဖြင့် ခြေလျှင်သပိတ် ၊ ဆိုင်ကယ်သပိတ်အပြင် ညသပိတ်တို့ပါ ပြောက်ကြားနည်းသုံးပြီး ဆန္ဒထုတ်ဖော်နေဆဲဖြစ်သည်။







