ကချင်ပြည်နယ်၀န်ကြီးချုပ်အား သဘာ၀ဘေး/စီ ပုဒ်မ (၂၅) ဖြင့်အမှုဖွင့်

690

မတ် ၁၇

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဥပဒေပုဒ်မ (၂၅) ဖြင့် ယနေ့နံနက် (၁၁) နာရီခန့်က မြစ်ကြီးနားမြို့၊ မြို့နယ်တရားရုံးတွင် အမှုဖွင့်လိုက်သည်ဟု သိရသည်။

ဝန်ကြီးချုပ်ဒေါက်တာခက်အောင်ကို တရားလိုရဲအုပ်ကျော်ဇေယျက အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏ရှေ့နေဖြစ်သူ ဦးသက်ထွန်းဦးကပြောသည်။

“အမှုတွဲအရ ဝန်ကြီးချုပ်ကို ရဲကဖမ်းတာက မတ်လ ၃ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင်ခန့်ကလို့ ရဲရဲ့ထွက်ချက်ပုံစံအရ သိရတယ်။”ဟု ဦးသက်ထွန်းဦးကပြောသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ကို လက်ရှိအချိန်တွင် မြစ်ကြီးနားအကျဉ်းထောင်၌ ထိန်းသိမ်းထားပြီး မည်သည့်ရက်တွင် ပြန်လည်ရုံးထုတ်စစ်ဆေးမည်ကို မသိရသေးကြောင်းသိရသည်။

ဓါတ်ပုံ – စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ (၁) ရက်နေ့က မပခ သို့ ၀န်ကြီးချုပ်ကို ပို့ဆောင်ထားရာမှ ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် အစိုးရ၀န်ကြီးချုပ်အိမ်ရာသို့ ပြန်လည်ရောက်ရှိစဉ်

LEAVE A REPLY

Please enter your comment!
Please enter your name here