တရုတ်ဝယ်လက်ရှိနေသမျှ ကျောက်စိမ်းဈေးကွက် ကျမည်မဟုတ်ဟုဆို

1542

ဒီဇင်ဘာ ၁၂

အခြားနိုင်ငံများက ဖားကန့်ဒေသထွက် ကျောက်စိမ်းများကို ဝယ်ယူမှုပိတ်ပင်မည်ဟုဆိုသော်လည်း တရုတ်ဝယ်လက်ရှိနေပါက ကျောက်စိမ်းဈေးကွက် ကျဆင်းသွားမည်မဟုတ်ကြောင်း ပြည်နယ် ကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌဦးဇေလွမ်းကပြောသည်။

ပြင်သစ်နိုင်ငံအခြေစိုက်ထိပ်တန်းကျောက်မျက်ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Catier ကုမ္ပဏီက ရခိုင်အရေးကိစ္စနှင့် ပတ်သတ်ပြီး ဒီဇင်ဘာလ ၁၂ရက်မှစ၍ မြန်မာ့ကျောက်မျက်ရတနာများကို ဝယ်ယူမှု ရပ်နားလိုက်ခြင်းနှင့် ပတ်သက်၍ ဦးဇေလွမ်းက အထက်ပါအတိုင်း မှတ်ချက်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။

“လေးငါးရာခိုင်နှုန်းလောက်ပဲ ကျသွားမှာပါ။ ထိခိုက်ရင်လည်း နည်းနည်းပါးပါးပေါ့။ တရုတ်နိုင်ငံက ဝယ်နေသရွေ့တော့ ကျောက်စိမ်းဈေးကွက်က အများကြီးမထိခိုက်ပါဘူး”ဟု ဦးဇေလွမ်းက မြစ်ကြီးနား သတင်းဂျာနယ်သို့ ပြောသည်။

ရခိုင်ဒေသရှိ ဘင်္ဂါလီများကို မြန်မာတပ်မတော်က လူမျိုးတုံး ရှင်းလင်းနေမှုများကြောင့် ယခုကဲ့သို့ မြန်မာ့ကျောက်မျက်ရတနာများကို ဝယ်ယူမှုပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း၊ ထိုသို့ပြုလုပ်ခြင်းမှာ တပ်မတော်နှင့်ပြည်သူလူထုအား တိုက်ရိုက်ဒဏ်ခတ်ပိတ်ဆို့ခြင်းဖြစ်ကြောင်း ပြည်သူများက သုံးသပ်ပြောဆိုကြသည်။

ယခုကဲ့သို့ မြန်မာ့ကျောက်စိမ်းဝယ်ယူမှု ပိတ်ဆို့လိုက်ခြင်းကြောင့် မြန်မာနိုင်ငံ၏ ပုံရိပ်ထိခိုက်စေသော်လည်း ကမ္ဘာတန်ဖိုးကြီး ကျောက်စိမ်းများ ထွက်ရှိနေသည့် မြန်မာနိုင်ငံအတွက် စိုးရိမ်ဖွယ်မရှိကြောင်း၊ အထက်ပါ ပိတ်ဆို့အရေးယူမှုပြုလုပ်နေသည့် ကုမ္ပဏီများက တန်ဖိုးနည်းကျောက်များကို ရောင်းချလိုခြင်းကြောင့် ရခိုင်အရေးကိုအသုံးချပြီး ယခုကဲ့သို့ ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်း SP Gam ကုမ္ပဏီမှ ကိုအောင်ကျော်ဇင်က BBC သတင်းဌာနသို့ ဖြေကြားထားသည်။

ထို့နည်းတူ ကျောက်မျက်ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Tiffny and CO ကုမ္ပဏီကလည်း မြန်မာ့ကျောက်စိမ်းဝယ်ယူမှုကို ရပ်နားလိုက်ပြီဖြစ်ကြောင်း သိရသည်။

စည်သူ(မြစ်ကြီးနား)

LEAVE A REPLY

Please enter your comment!
Please enter your name here