ဖားကန့်ဆန္ဒပြ ပြည်သူများကို ဖြိုခွင်းရာတွင် Live လွှင့်သည်ဟုဆိုကာ အမျိုးသမီးနှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွား။

657

မတ်၊၁၃

ယနေ့ ဖားကန့်မြို့ မရှီကထောင်လမ်းဆုံ၌ ဆန္ဒပြပြည်သူများကို ဖြိုခွင်းရာတွင် Liveလွှင့်သည်ဟုဆိုကာ အမျိုးသမီးနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သိရသည်။

Liveလွှင့်နေစဉ်အတွင်း အရပ်ဝတ်နှင့် လူအချို့က ဖမ်းဆီးခေါ်ဆောင်သွားပြီး မည်သည့်နေရာကို ခေါ်ဆောင်သွားကြောင်းကို လက်ရှိချိန်ထိ မသိရှိရသေးကြောင်း ဖမ်းဆီးခေါ်ဆောင်ခံရသည့် အမျိုးသမီးတစ်ဦး၏ နီးစပ်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“လက်ရှိ ဘယ်ကိုခေါ်သွားတယ်ဆိုတာ မသိရဘူး။ အခု ရဲစခန်းရောက်နေတယ်။ ရဲစခန်းမှာလည်း မရောက်ဘူး။”ဟု ၎င်း ဆိုသည်။

ယနေ့ ဖားကန့်မြို့တွင် လမ်းလျှောကသပိတ် ပြုလုပ်ခဲ့ရာ ဖြိုခွင်းခံရပြီး ရာဘာကျည်ထိမှန်သူ အချို့ ရှိခဲ့ကြောင်းလည်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here