မေ ၂၆
ဝိုင်းမော်မြို့နယ် ဆဒုံး-ကန်ပိုင်တည်မှ တရုတ်ပြည်သူ့သမ္မနိုင်ငံနှင့် ဆက်သွယ်ထားသော လမ်းမကြီးကို ပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလဂန်ဇယ်ဂျုံးက မေလ ၁၈ ရက်နေ့က ပြည်သူ့လွှတ်တော်တွင် မေးခွန်းမေးမြန်းခဲ့သည်။
တရုတ်ကုန်တင်ကားများသည် လမ်းကျဉ်းကနေ ဖြတ်သန်းနေရခြင်းကြောင့် ဝါရှောင်ကျေးရွာ အဝင်လမ်းအကွေ့တွင်လည်း မကြာခဏ ယာဉ်မတော်ဆမှုများရှိနေခြင်းကြောင့် လမ်းချဲ့ပေးစေလိုကြောင်း နှင့် လမ်းပျက်စီးမှုများအတွက် ပြုပြင်ပေးလိုကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလဂန်ဇယ်ဂျုံးက မေးခွန်းနဲ့စပ်လျဉ်းပြီး ရှင်းပြပြောဆိုခဲ့သည်။

ယင်းမြေပြန့်လမ်းများသည် ကျေးရွာချင်းဆက်လမ်းများဖြစ်သည့်အတွက် ပြည်သူအများဆုံး သွားလာနေသည့်အပြင် ကျောင်းသူကျောင်းသားများ အများဆုံးသွားလာနေသည့် လမ်းဖြစ်သည့် အတွက်ကြောင့် လမ်းကျဉ်းတဲ့အတွက် ကားတစ်စီးနှင့်တစ်စီးရှောင်ပါက ခက်ခဲ့သည့်အတွက် မကြာခဏ ယာဉ်တိုက်မှုဖြစ်သဖြင့် လမ်း ပြုပြင်ပေးစေလိုကြောင်း ဦးလဂန်ဇယ်ဂျုံးက ပြုပြင်ပေးရန် အစီအစဉ် ရှိမရှိ မေးခွန်းမေးမြန်းခဲ့ခြင်း ဖြစ်သည်။
ပြည်သူ့လွှတ်တော် ဦးလဂန်ဇယ်ဂျုံး မေးမြန်းသည့် မေးခွန်းနှင့်ပတ်သက်ပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက အောက်ပါအတိုင်း ဖြေကြားခဲ့သည်။
“နောင်လာမည့်နှစ်များမှာ ရန်ပုံငွေရရှိမှုပေါ်မှုတည်ပြီး လမ်းချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပြီး တရုတ်ပြည်နယ်စပ်လမ်းပိုင်းကိုတော့ ထိန်မင်းကုမ္ပဏီနဲ့ ညှိနှိုင်းလျက်ရှိပြီး Covid-19 ရဲ့ အလွန်ကာလများမှာ ပြန်လည်ပြင်ဆင်ပေးသွားမည်ဖြစ်ကြောင်း” ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ရှင်းလင်းဖြေကြားသည်။
မေးမြန်းခဲ့သည့် မေးခွန်းနှင့်ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ဦးလဂန်ဇယ်ဂျုံးက ဖြေကြားသည့် အပေါ် အားရကျေနပ်မှုမရှိဟု ဆိုသည်။
“လောလောဆယ်တော့ Covid-19 ကြောင့်ပေါ့ဗျာ။ ဟိုလိုကြီးက အားရကျေနပ်မှုမရှိပါဘူး။ မရှိသော်လည်း လူစုလူဝေးမလုပ်ရဘူးဆိုတော့ မကျေနပ်ပေမဲ့လည်း လက်ခံရမဲ့အပိုင်းပေါ့ဗျာ”ဟု ဦးလဂန်ဇယ်ဂျုံးက ဆိုသည်။
မြစ်ကြီးနား၊ ဝိုင်းမော်၊ ဆဒုံး၊ ကန်ပိုင်တည်လမ်းတရုတ်-မြန်မာ နယ်နိမိတ် တောင်ဖက် မိုင်တိုင်(၄)သည် မြန်မာပြည်၊ ဝါရှောင်အထိ ကားလမ်းဖောက်လုပ်ရေးသဘောတူစာချုပ်ကို၂၀၀၃ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိန်ချုံးခရိုင်ပြည်သူ့အစိုးရနှင့် မြစ်ကြီးနားခရိုင် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီတို့ နှစ်နိုင်ငံချစ်ကြည်ရေးစာချုပ် ချုပ်ဆိုခဲ့သည်။
Ah Je







