အမှုတော်ဆောင်များနှင့် သံဃာတော်များအတွက် High Class Express မှ ယာဉ်စီးခ အခမဲ့လှူဒါန်းနေ

1486
သြဂုတ် ၂၂
အသင်းတော် အသီးသီးမှ ဘာသာရေး အမှုတော်ဆောင် ဆရာ/မများနှင့် သာသနာ့ဝန်ဆောင် သံဃာတော်များအတွက် High Class Express  ကားမှ ယာဉ်စီးခများ အခမဲ့လှူဒါန်းလျက်ရှိနေကြောင်း သိရသည်။
ယာဉ်စီးခများကို မိုးရာသီ လှူဒါန်းမှုအနေဖြင့် ယခုသြဂုတ်လ ၁၇ ရက်နေ့မှ စတင်ကာ စက်တင်ဘာလကုန်အထိ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်း ကားသည် တစ်နေ့လျှင် ကား ၃ စီးထွက်ပြီး ကားတစ်စီးတွင် ဘာသာရေးဆရာများ၊ သံဃာတော်များအတွက် ထိုင်ခုံ ၅ခုံ အခမဲ့လှူဒါန်းမည် ဖြစ်ကြောင်း မြစ်ကြီးနား High Class Express တာဝန်ခံ ကိုဇော်မင်းက ပြောသည်။
“အဓိကတော့ လူမျိုးမရွေးဘူး။ ဘာသာမရွေးဘူး မိုးရာသီအတွက် အထူးအလှူဒါနတစ်ခုပေါ့”ဟု ကိုဇော်မင်းက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
အဆိုပါကားကို အခမဲ့ စီးနင်းနိုင်ရန်အတွက် အမှုဆောင်ကတ်၊ သံဃာ့ဝန်ဆောင်ကတ်များဖြင့် လက်မှတ်ဖြတ်ရန် လိုအပ်မည်ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။
ထပ်မံ၍လည်း High Class Express ကားအနေဖြင့် ယခုကဲ့သို့ ယာဉ်စီးခ အခမဲ့လှူဒါန်းမည့် အစီအစဉ်များကို ထပ်မံပြုလုပ်သွားရန် အစီအစဉ်ရှိကြောင်းလည်း ၎င်းထံမှသိရသည်။
High Class Express ကား၏ ခရီးစဉ်များမှာ
၁။ ရန်ကုန် – ကျော-ဂန့်ဂေါ ကလေး
၂ ။ ရန်ကုန်- ထီးလင်း- ဂန့်ဂေါ- ကလေး
၃။ ရန်ကုန် – ဂန့်ဂေါ- ဟားခါး
၄။ ရန်ကုန် – အင်းတော်- မိုးညှင်း – ဟိုပင်- မိုးကောင်း- မြစ်ကြီးနား
၅။ ရန်ကုန်- ငါးအိုး- ရွှေကူ- မန်စီ – ဗန်းမော်
၆။ ရန်ကုန် – ကျပ်ပြင် – မိုးကုတ် စသည့် ခရီးစဉ်များကို ပြေးဆွဲလျက် ရှိနေသည်။
Ah Je

LEAVE A REPLY

Please enter your comment!
Please enter your name here