နော်ဒူးဒူကို စစ်ကိုင်းပညာရေး တက္ကသိုလ်က တက်္ကသိုလ်ဂုဏ်ဆောင်အလှမယ်ဆုချီးမြှင့်

1846

မတ် ၂

ကချင်တိုင်းရင်းသူ Miss Tourism and Culture Universe Myanmar 2018  အလှမယ်နော်ဒူးဒူကို စစ်ကိုင်းပညာရေးတက္ကသိုလ်က တက္ကသိုလ်ဂုဏ်ဆောင်အလှမယ်ဆု ချီးမြှင့်ခဲ့သည်။

အဆိုပါဆုကို ဖေဖော်ဝါရီလ ၂၈ ရက်က စစ်ကိုင်းပညာရေးတက်္ကသိုလ်တွင် ကျင်းပခဲ့သည့် အာစရိယပူဇော်ပွဲအခမ်းအနား၌ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း၊ ထိုသို့ ဆုပေးရသည့် အကြောင်းအရင်းမှာ ဇန်န၀ါရီလက ရန်ကုန်မြို့ရှိ သုဝဏ်္ဏမိုးလုံလေလုံ အားကစားကွင်းတွင် မြန်မာနိုင်ငံက ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် Mister and Miss Tourism and Culture Universe 2018 ပြိုင်ပွဲ၌မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် နော်ဒူးဒူက 1st runner up ဆုကိုဆွတ်ခူးကာ စစ်ကိုင်းပညာရေး တက္ကသိုလ်၏ ဂုဏ်ကိုဆောင်နိုင်ခဲ့သည့်အတွက်ဖြစ်ကြောင်း သိရသည်။

“ကိုယ်ကြိုးစားခဲ့တာတွေက ကိုယ့်နိုင်ငံ၊ကိုယ့်တက္ကသိုလ်၊ ကိုယ့်ပတ်ဝန်းကျင်အတွက် တစ်ထောင့်တစ်နေရာကနေ ဂုဏ်ဆောင်ပေးနိုင်ခဲ့တဲ့အတွက် ကြည်နူးပီတိဖြစ်ရပါတယ်။ အခုလို အသိအမှတ်ပြုပေးလို့ ရင်ထဲကလှိုက်လှိုက်လှဲလှဲ ကျေးဇူးအများကြီးတင်ပါတယ်။ ဒီထက်ပိုပြီးလည်း ကျောင်းဂုဏ်ဆောင်နိုင်တဲ့ အလှမယ်ဖြစ်အောင် ကြိုးစားသွားပါ့မယ်”ဟု အလှမယ်နော်ဒူးဒူက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

ထို Miss Tourism and Culture Universe Myanmar 2018 အလှမယ် ပြိုင်ပွဲတွင် အလှမယ်နော်ဒူးဒူက Miss Tourism and Culture Universe 2018 1st runner up ဆုအပြင် Special Award များဖြစ်သော Medical Sponer Award, Best National Costume နှင့် Best in Swimsuit Top(3) တို့ကိုပါဆွတ်ခူးရရှိ  ခဲ့ကြောင်း သိရသည်။

အလှမယ် နော်ဒူးဒူသည် တတိယအကြိမ်မြောက် Miss Universe Myitkyina တွင်လည်း 1st rybber up ဆု ရရှိထားသူဖြစ်ပြီး သူမသည် စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် တက်ရောက်ပညာသင်ယူနေသော  မြစ်ကြီးနားမြို့၊ ဂျန်မိုင်ကောင်းရပ်ကွက်မှ လီဆူတိုင်းရင်းသူတစ်ဦး ဖြစ်သည်။

ဆိုင်းထွယ်ဇင်

LEAVE A REPLY

Please enter your comment!
Please enter your name here