4th Miss Universe Myitkyina  ပြိုင်ပွဲဝင်လျှောက်လွှာ စတင်လျှောက်ထားနိုင်ပြီ

1118

ဇန်န၀ါရီ ၂၈

မြစ်ကြီးနားမြို့တွင် စတုတ္ထအကြိမ်မြောက် ကျင်းပသွားမည့် 4th Miss Universe Myitkyina ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်လျှောက်လွှာများကို စတင်ခေါ်ယူနေပြီဖြစ်ကြောင်း Maran Entertainment မှ သိရသည်။

အဆိုပါပြိုင်ပွဲကို မတ်လ ၁၉ ရက်နေ့၌ မြစ်ကြီးနားမြို့တွင် ကျင်းပသွားမည်ဖြစ်ပြီရာ ၀င်ရောက်ယှဉ်ပြိုင်ရန် စိတ်ပါဝင်စား၍ လျှောက်ထားလိုသူများအနေဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသား ကချင်ပြည်နယ် မှတ်ပုံတင်ကိုင်ဆောင်ထားသောသူ ဖြစ်ရမည်၊  အသက် ၁၇ နှစ်မှ ၂၅ နှစ်ကြား၊ အရပ်အမြင့် ၅ ပေ ၅လက်မအထက်ရှိရမည်၊ အိမ်ထောင်မပြုဖူးသူ၊ ကလေးမမွေးဖူးသူ ဖြစ်ရမည်ဟု သတ်မှတ်ထားပြီး၊ ပြေပြစ်လှပသောရုပ်ရည်ပိုင်ဆိုင်ထား၍ မိမိကိုယ်ကိုမိမိ ယုံကြည်မှုရှိသော လူမျိုးမရွေးဘာသာမရွေး  အမျိုးသမီးများအားလုံး ၀င်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။

၎င်းအလှမယ် ပြိုင်ပွဲတွင် အနိုင်ရရှိသော အလှမယ်ကို OK Silversmith မှချီးမြှင့်သော မနောဧကရီ ကျောက်စိမ်းသရဖူ ၊ Miss Universe Myanmar 2019 ယှဉ်ပြိုင်ခွင့်၊၊ တစ်နှစ်စာလစာခံစားခွင့်၊ နာမည်ကြီးဒီဇိုင်နာများ၏ ၀တ်စုံများ တစ်နှစ်တာ ၀တ်ဆင်ခွင့်၊ Beauty Bar By Jar Noi Pan တွင် တစ်နှစ်တာ အခမဲ့ဆံကေသာထိန်းသိမ်းခွင့်နှင့်  Miss Universe Myanmar 2019 ပြိုင်ပွဲအတွင်း ရန်ကုန်မြို့ရှိ Apartment တွင် အခမဲ့နေထိုင်ခွင့်တို့ ရရှိမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင်လျှောက်လွှာများကို  Manmade House Of Fashion, Beauty Bar By Ja Noi Pan, Makeup Ah Gam, Makeup Ah Brang, Dear Wedding Photo Studio တို့တွင်ရယူနိုင်ပြီး  ဖေဖော်ဝါရီ ၂၅ ရက်နေ့အထိ နောက်ဆုံးထားလျှောက်ထားနိုင်ကြောင်း သိရသည်။

ပထမအကြိမ်မြောက် Miss Universe Myitkyina အဖြစ် အလှမယ် နန်လတ်ဆိုင်းမိုင်၊ ဒုတိယအကြိမ်မြောက် Miss Universe Myitkyina အဖြစ်  အလှမယ်ဂျာဒင်ကိုင်၊ တတိယအကြိမ်မြောက် Miss Universe Myitkyina အဖြစ် အလှမယ် ရိုစလင်းဆိုင်းနူးနူးပန်တို့ကဆွတ်ခူးရရှိခဲ့ကြပြီး Miss Universe Myitkyina အလှမယ်ပြိုင်ပွဲကြီးသို့ ကချင်ပြည်နယ်ကိုယ်စားပြုအလှမယ်အဖြစ် သွားရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

ဆိုင်းထွယ်ဇင်

LEAVE A REPLY

Please enter your comment!
Please enter your name here