နောက်ဆက်တွဲများ (ဓာတ်ပုံ ရသစာတမ်းငယ်)

140
၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းအတွင်း မြန်မာနိုင်ငံ၊ အနောက်ရိုးမတောင်တန်းပေါ်၌ စစ်ကောင်စီတပ် အခြေစိုက်ခဲ့သည့်နေရာတစ်ခုကို တော်လှန်ရေးအင်အားစုများသိမ်းပိုက်ပြီးနောက် မြင်ကွင်း။
နောက်ဆက်တွဲများ (ဓာတ်ပုံ ရသစာတမ်းငယ်)
————
စိုင်းခေ
မတ်၊ ၂၇

အာဏာသိမ်းပြီး ၄ နှစ်ကျော်အကြာမှာတော့ စစ်တပ်ဟာ သမိုင်းမှာမကြုံဖူးတဲ့ အရှုံးတွေနဲ့ ရင်ဆိုင်နေရပါပြီ။

ညီနောင်မဟာမိတ် ၃ ဖွဲ့ကြောင့် တိုင်းစစ်ဌာနချုပ် ၂ ခုအထိ ဆုံးရှုံးခဲ့သလို မြို့တွေ၊ စခန်းတွေနဲ့ နယ်မြေတွေကိုလည်း အများအပြား လက်လွှတ်ထားရပါတယ်။

အာဏာသိမ်းနောက်ဆက်တွဲတွေထဲကတစ်ခုအဖြစ် ၂၀၂၁ ခုနှစ်မှ ပေါ်ပေါက်လာတဲ့ PDF တွေအပါအဝင် တော်လှန်ရေးအဖွဲ့တွေဟာလည်း အများအားဖြင့် လက်နက်ခဲယမ်း မပြည့်စုံကြသေးပေမဲ့ နာရီနဲ့ချီရင်ဆိုင်ရတဲ့ တိုက်ပွဲတွေကို အခုအချိန်မှာ ဖော်ဆောင်လာနိုင်ပါပြီ။

လက်တွေ့မှာလည်း စစ်ကောင်စီရဲ့ စစ်ကြောင်းတွေပျက်ပြီး ဒါဇင်နဲ့ချီတဲ့လက်နက်တွေကို တော်လှန်ရေးအဖွဲ့တွေက သိမ်းနိုင်ခဲ့တဲ့ တိုက်ပွဲတွေကလည်း တဖြည်းဖြည်းတိုးလာပါတယ်။

ဒါကတော့ မြန်မာနိုင်ငံအနောက်ပိုင်းက ဒေသတစ်ခုမှာ ဒီနှစ်ထဲ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာပါ။

၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းအတွင်း မြန်မာနိုင်ငံ၊ အနောက်ရိုးမတောင်တန်းပေါ်၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်ပွားပြီးနောက် တွေ့ရသည့် ၅.၅၆ အမျိုးအစားကျည်ခွံ။

ဒီနေရာမှာ စစ်တပ် အခြေစိုက်ခဲ့တာဖြစ်ပြီး အနီးဝန်းကျင်က ကျေးရွာတွေကိုလည်း စစ်ကြောင်းထိုးတာတွေ ပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံ၊ အနောက်ရိုးမတောင်တန်းပေါ်၌ စစ်ကောင်စီတပ် အထိုင်ချခဲ့သည့် နေအိမ်တစ်လုံးကို တိုက်ပွဲအပြီး ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် တွေ့ရစဉ်။

အခုအချိန်မှာတော့ အဲဒီစခန်းနေရာတွေကို စစ်တပ်ဘက်က စွန့်ခွာသွားပါပြီ။ တော်လှန်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်ခဲ့မှုကြောင့်ဖြစ်ပါတယ်။

စစ်ကောင်စီ၏ တပ်မ ၈၈ အမှတ်တံဆိပ်ပါ စစ်အင်္ကျီ ကို ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်း၌ မြန်မာနိုင်ငံ၊ အနောက်ရိုးမ တောင်တန်းတစ်နေရာတွင် တွေ့ရစဉ်။

ဒီနေရာ အနီးတဝိုက်မှာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သားအလောင်းတွေ ပြန့်ကျဲနေတာကိုလည်း တွေ့ရပါတယ်။

သေဆုံး စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး၏ အလောင်းကို မီးရှို့ပြီးနောက် ကျန်ရှိနေသည့် ခန္ဓာကိုယ်အစိတ်အပိုင်းအား မြန်မာနိုင်ငံ၊ အနောက်ရိုးမတောင်တန်းပေါ်၌ ၂၀၂၅ နှစ်ဆန်းပိုင်းတွင်တွေ့ရစဉ်။

ဒီအလောင်းတွေဟာ များပြားလွန်းတာနဲ့ နယ်မြေရှင်းလင်းဖို့ မလုပ်ဆောင်နိုင်သေးတာကြောင့် တော်လှန်ရေးအင်အားစုတွေက အဆင်ပြေသလို ရှင်းလင်းထားကြပါတယ်။

 သေဆုံး စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး၏ အလောင်းကို မီးရှို့ပြီးနောက် ကျန်ရှိနေသည့် ခန္ဓာကိုယ်အစိတ်အပိုင်းအား မြန်မာနိုင်ငံ၊ အနောက်ရိုးမတောင်တန်းပေါ်၌ ၂၀၂၅ နှစ်ဆန်းပိုင်းတွင်တွေ့ရစဉ်။
သေဆုံး စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး၏ အလောင်းကို မီးရှို့ပြီးနောက် ကျန်ရှိနေသည့် ခန္ဓာကိုယ်အစိတ်အပိုင်းအား မြန်မာနိုင်ငံ၊ အနောက်ရိုးမတောင်တန်းပေါ်၌ ၂၀၂၅ နှစ်ဆန်းပိုင်းတွင်တွေ့ရစဉ်။

အလွယ်ဆုံးရှင်းနည်းကတော့ အလောင်းတွေကို တန်းစီ၊ ဓါတ်ဆီလောင်းပြီး မီးရှို့လိုက်တာပါ။ အဲဒီလိုမလုပ်ရင်တော့ လူသေရဲ့အပုပ်နံ့တွေဟာ တော်တော်အနှောက်အယှက်ပေးပါတယ်။

သေဆုံး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်းကို မီးရှို့ပြီးနောက် ကျန်ရှိနေသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများအား မြန်မာနိုင်ငံ၊ အနောက်ရိုးမတောင်တန်းပေါ်၌ ၂၀၂၅ နှစ်ဆန်းပိုင်းတွင်တွေ့ရစဉ်။

မီးမရှို့ခင်မှာတော့ အလောင်းတွေဆီက ကျည်ကာဦးထုပ်နဲ့ ကျည်ကာ အင်္ကျီတွေကို အပြည့်အစုံ မရှိသေးတဲ့ တော်လှန်ရေးအဖွဲ့ဝင်တွေအသုံးပြုနိုင်အောင် ယူထားကြပါတယ်။

သေဆုံး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်းများကို မီးလောင်နေမှုနှင့် ၎င်းတို့၏ ကျည်ကာဦးထုပ်များကိုမြန်မာနိုင်ငံ၊ အနောက်ရိုးမတောင်တန်းပေါ်၌ ၂၀၂၅ နှစ်ဆန်းပိုင်းတွင်တွေ့ရစဉ်။
သေဆုံး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်းများကို မီးလောင်နေမှုနှင့် ၎င်းတို့၏ ကျည်ကာဦးထုပ်များကို မြန်မာနိုင်ငံ၊ အနောက်ရိုးမတောင်တန်းပေါ်၌ ၂၀၂၅ နှစ်ဆန်းပိုင်းတွင်တွေ့ရစဉ်။

ဒီလိုမျိုး ၂၀၂၁ ခုနှစ်မှာ ပေါ်ပေါက်တဲ့ တော်လှန်ရေးအဖွဲ့တွေပါဝင်တဲ့ တိုက်ပွဲတွေ၊ ဦးဆောင်တဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အသေအဆုံးများတဲ့ တိုက်ပွဲတွေဟာ အခုအချိန် ခပ်ဖြည်းဖြည်းထွက်ပေါ်နေပါပြီ။

သေဆုံး စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး၏ အလောင်းကို မီးရှို့ပြီးနောက် ကျန်ရှိနေသည့် ခန္ဓာကိုယ်အစိတ်အပိုင်းအား မြန်မာနိုင်ငံ၊ အနောက်ရိုးမတောင်တန်းပေါ်၌ ၂၀၂၅ နှစ်ဆန်းပိုင်းတွင်တွေ့ရစဉ်။
သေဆုံး စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး၏ အလောင်းကို မီးရှို့ပြီးနောက် ကျန်ရှိနေသည့် ခန္ဓာကိုယ်အစိတ်အပိုင်းအား မြန်မာနိုင်ငံ၊ အနောက်ရိုးမတောင်တန်းပေါ်၌ ၂၀၂၅ နှစ်ဆန်းပိုင်းတွင်တွေ့ရစဉ်။

ဒါ့အပြင် မြေပြင်မှာ ဆက်တိုက်တိုက်ပွဲဝင်နေတဲ့ အဖွဲ့တချို့ဟာလည်း သတင်းမထုတ်ပြန်တာမျိုး ရှိတာကြောင့် တချို့ စစ်ကောင်စီဘက်ရှုံးနိမ့်မှုတွေဟာ လူထုကြားထဲကို မရောက်ရှိခဲ့ပါဘူး။

မြေမြှုပ်ထားသည့် သေဆုံး စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး၏ ခြေထောက်ကို မြန်မာနိုင်ငံ၊ အနောက်ရိုးမတောင်တန်းပေါ်၌ ၂၀၂၅ နှစ်ဆန်းပိုင်းတွင်တွေ့ရစဉ်။

သေဆုံး စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး၏ အလောင်းကို မီးရှို့ပြီးနောက် ကျန်ရှိနေသည့် အရိုးနှင့်စစ်သုံးရေဘူးအား မြန်မာနိုင်ငံ၊ အနောက်ရိုးမတောင်တန်းပေါ်၌ ၂၀၂၅ နှစ်ဆန်းပိုင်းတွင်တွေ့ရစဉ်။

တစ်ဖက်မှာ အဲဒီလို ရှုံးနိမ့်နေသလို တစ်ဖက်မှာလည်း စစ်ကောင်စီဟာ ပြည်သူလူထုကို ဆက်တိုက်လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်သတ်ဖြတ်တာတွေကို တိုးပြီးပြုလုပ်နေပါတယ်။

မြန်မာနိုင်ငံ၊ အနောက်ရိုးမတောင်တန်းပေါ်၌ စစ်ကောင်စီတပ် အထိုင်ချခဲ့သည့် နေအိမ်တစ်လုံးကို တိုက်ပွဲအပြီး ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် တွေ့ရစဉ်။
မြန်မာနိုင်ငံ၊ အနောက်ရိုးမတောင်တန်းပေါ်၌ စစ်ကောင်စီတပ် အထိုင်ချခဲ့သည့် နေအိမ်တစ်လုံးကို တိုက်ပွဲအပြီး ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် တွေ့ရစဉ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) ကတော့
မြန်မာနိုင်ငံမှာလိုအပ်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေဟာ မကြုံဘူးတဲ့ အဆင့်ထိ မြင့်မားလာနေပြီလို့ ဆိုပါတယ်။
ဒါ့အပြင် လူဦးရေ သန်း ၅၀ ကျော်ရှိတဲ့ မြန်မာနိုင်ငံဟာ ၂၀၂၅ ခုနှစ် ထဲ လူဦးရေ သန်း ၂၀ နီးပါးလောက် လိုအပ်ချက်တွေ ရှိမယ်လို့လည်း OCHA က ခန့်မှန်းထားပါတယ်။
မြန်မာနိုင်ငံ၊ အနောက်ရိုးမတောင်တန်းပေါ်၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် သိမ်းဆည်းရမိသည့် စစ်တပ်၏ နင်းမိုင်းများ။

LEAVE A REPLY

Please enter your comment!
Please enter your name here