ကချင်လူထုကျပ်တည်းတာကို စစ်အုပ်စုက လက်နက်အဖြစ်အသုံးချနေတယ်လို့ KHRW ပြော

1
ပုံစာ - ယခုနှစ်အတွင်း လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး ဂွင်လူးဝစ်စ် ကချင်ပြည်နယ်သို့ သွားရောက်ခဲ့စဉ်/ OCHA Myanmar

 

ဇူလိုင်၊ ၁၃

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို စစ်အုပ်စုက လက်နက်တစ်ခုအဖြစ် ရည်ရွယ်ချက်ရှိရှိအသုံးချနေတယ်လို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW) က ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။

အဲဒီလိုအသုံးချနေတာဟာ ဗုံးတွေ၊ ကျည်ဆန်တွေထက်တောင် အန္တရာယ်ကြီးတဲ့ စစ်လက်နက်တစ်ခု ဖြစ်လာနေတယ်လို့ KHRW က ဆိုပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီမှုတွေအပေါ် စစ်အုပ်စုက ပိတ်ဆို့တားဆီးနေတာကြောင့် အကူအညီရောက်ရှိနိုင်မှုဟာ အလွန်ကန့်သတ်ခံနေရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။

ဒါ့အပြင် အင်တာနက်နဲ့ ဖုန်းဆက်သွယ်ရေးတွေကို ဖြတ်တောက်တာဟာ စစ်ဖြစ်ပွားတဲ့ ဒေသတွေမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီမှုတွေအတွက် ပိုခက်ခဲစေတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလထဲ ရရှိထားတဲ့အချက်အလက်တွေအရတော့ ကချင်ပြည်နယ်မှာ သွားလာကူညီဖို့ အခက်အခဲဆုံးမြို့နယ်တွေက ၁၀ မြို့နယ်ရှိပြီး အလယ်အလတ်မြို့နယ်ကတော့ ၅ မြို့နယ်နဲ့ သွားကူညီဖို့ အဆင်ပြေတဲ့မြို့နယ်ကတော့ ၃ မြို့နယ်ဖြစ်တယ်လို့ OCHA က ဇွန်လနောက်ဆုံးပတ်ထဲ ထုတ်ပြန်ထား ပါတယ်။

ကချင်ပြည်နယ်မှာတော့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ပြည်တွင်းနေရပ်စွန့်ခွာသူ ၁၇၆,၂၀၀ လောက်ရှိနေပြီး အာဏာသိမ်းမှုမတိုင်ခင်ကတော့ ဒုက္ခသည် ၆၈,၄၀၀ လောက်ရှိခဲ့တာဖြစ်တဲ့အတွက် အခုအချိန် ပြည်တွင်းနေရပ်စွန့်ခွာသူ ၂၄၄,၆၀၀ လောက်ရှိနေတယ်လို့ UNHCR ရဲ့ အချက်အလက်အရ သိရပါတယ်။

အဲဒီထဲကမှ လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်နေသူ စုစုပေါင်းကတော့ ၁၈၀၀၀၀ ကျော်ရှိနေပြီး အဲဒီထဲမှာ အရေးပေါ်လိုအပ်နေသူတွေက ၇၀,၀၀၀ ကျော်ရှိနေတာ ဖြစ်ပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here