ကချင်ပြည်နယ်မှာ ၂၀၂၁ ခုနှစ်နောက်ပိုင်း ပြည်တွင်းနေရပ်စွန့်ခွာသူ ၁၈၀,၀၀၀ နီးပါးရှိ

1

 

ဇူလိုင်၊၁၃

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကချင်ပြည်နယ်မှာ ပြည်တွင်းနေရပ်စွန့်ခွာသူ ၁၇၆၂၀၀ လောက်ရှိနေတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ဇူလိုင်လထုတ် အစီရင်ခံစာအရ သိရပါတယ်။

အာဏာသိမ်းမှုမတိုင်ခင်ကတော့ စစ်ရှောင် ၆၈,၄၀၀ လောက်ရှိခဲ့တာဖြစ်တဲ့အတွက် အခုအချိန် ကချင်ပြည်နယ်မှာ ပြည်တွင်းနေရပ်စွန့်ခွာသူ ၂၄၄,၆၀၀ လောက်ရှိနေတယ်လို့ သိရပါတယ်။

ဒါဟာ ပြည်တွင်းနေရပ်စွန့်ခွာသူ အရေအတွက်သာဖြစ်ပြီး ပြည်ပကိုထွက်သွားတဲ့သူတွေလည်း ရှိနေတာပါ။

တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့တော့ အာဏာသိမ်းပြီးတဲ့နောက် ပြည်တွင်းနေရပ် စွန့်ခွာထွက်ပြေးသူဟာ ၃ ဒသမ ၅ သန်းကျော်ရှိနေပြီး အာဏာမသိမ်းခင်က အရေအတွက်ကိုပါ ထည့်တွင်ရင် ၃ ဒသမ ၈ သန်းကျော် ရှိနေတယ်လို့ UNHCR က ဆိုပါတယ်။

ပြီးတဲ့တဲ့ မေလဆန်းတုန်းက UNHCR ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ လူဦးရေ ၃ ဒသမ ၇ သန်းခွဲလောက် နေရပ်စွန့်ခွာထွက်ပြေးနေရတာဖြစ်တဲ့အတွက် ဒီလထုတ်ပြန်ချက်အရ ထွက်ပြေးရတဲ့ လူဦးရေ ၆ သောင်းကျော်လောက် ထပ်တိုးလာတလည်း ဖြစ်ပါတယ်။

အဲဒီအရေအတွက်ထဲမှာ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး အာဏာသိမ်းပြီးတဲ့နောက် နေရပ်စွန့်ခွာသူ ၁ ဒသမ ၃ သန်းကျော်ရှိနေပြီး ဒုတိယအများဆုံးကတော့ လူဦးရေ ၄ သိန်းကျော်နဲ့ ရခိုင်ပြည်နယ်က အများဆုံးဖြစ်နေတာပါ။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here