မြစ်ကြီးနားမြို့တွင် ၃၂ ကျောင်းမြောက် Dhamma School ဖွင့်လှစ်

1232
Dhamma School

မြစ်ကြီးနားမြို့၏ ၃၂ ကျောင်းမြောက် ဓမ္မစကူးလ်ကို ပမ္မတီးရပ်ကွက်ရှိ အောင်ဇေရန်အောင် တပ်ဦးကျောင်းတိုက်အတွင်း၌ စက်တင်ဘာ ၈ ရက်က ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်ပွဲကို အဆိုပါကျောင်းဝန်းအတွင်းရှိ “ရွှေဓမ္မာရုံ”တွင်ပြုလုပ်ခဲ့ရာ ကချင်ပြည်နယ် ဓမ္မစကူးလ် ကော်မတီနှင့် မြစ်ကြီးနားမြို့နယ် ဓမ္မစကူးလ်ကော်မတီတို့မှ ဆရာတော်ကြီးများ၊ ဓမ္မစကူးလ် ဖောင်ဒေးရှင်း (ဗဟို)မှ နည်းပြဆရာမကြီး ဒေါ်ပြုံးပြုံးဌေးနှင့် နည်းပြဆရာ/မများ၊ အခြေခံပညာကျောင်းများမှ ဆရာ/မများနှင့် ကျောင်းသူ/သားများ စုစုပေါင်း ၂၀၀ ခန့်တက်ရောက်ခဲ့ကြသည်။

တက်ရောက်လာသည့် အလှူရှင်များက သင်တန်းဖွင့်ပွဲသို့ကြွရောက်လာသည့် ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုအစုစုကို ဆက်ကပ်လှူဒါန်းကာ ဓမ္မစကူးလ်ကျောင်းသူ/သားများအတွက် ယောဂီတဘက်များနှင့် သင်ရိုးညွှန်းတမ်းစာအုပ်များ ပေးအပ်လှူဒါန်း ခဲ့ကြသည်။

မြစ်ကြီးနားမြို့တွင် တနင်္ဂနွေနေ့တိုင်း ဓမ္မစကူးလ်များ ဖွင့်လှစ်သင်ကြားလျက်ရှိရာ မြစ်ကြီးနားမြို့တွင် ဓမ္မစကူးလ် ကျောင်းသူ/သား စုစုပေါင်း ၄၅၀၀ ခန့်ရှိသည်ဟု ပြည်နယ် ဓမ္မစကူလ်းဖောင်ဒေးရှင်းမှ သိရသည်။

ကျော်သက်ဦး

LEAVE A REPLY

Please enter your comment!
Please enter your name here