မြစ်ဆုံအထက် ကျေးရွာများတွင် တိုက်ပွဲများဖြစ်ပွားခြင်းကြောင့် စစ်ရှောင်လာသူ (၂၀၀)ဦးအတွင်း အသက် (၁၀၀)အဖွားနှင့် (၁)လမပြည့်သေးသည့်ရက်သားအရွယ်ကလေးငယ်ပါဝင်

818

မတ်၊၁၆

အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်မြောက်ရေး‌ တပ်မတော် KIA တို့ မနေ့(မတ် ၁၅) ည ၅နာရီ ၁၅မိနစ်ခန့်က မြစ်ဆုံအထက် ဂွေထော်ကျေးရွာအနီးနှင့် ရွာများတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် စစ်ရှောင်လာသူ (၂၀၀) တွင် အသက် (၁၀၀) အရွယ်အဖွားနှင့် (၁)လ မပြည့်သေးသည့်ရက်သားအရွယ်ကလေးပါဝင်ခဲ့ကြောင်း သိရသည်။

လက်ရှိ စစ်ရှောင်လာသည့်‌‌ ကျေးရွာများသည် မြစ်ဆုံအထက်ပိုင်း တန်ဘောင်ယာန်၊ ဂွေထော်၊ ဆနီတူယာန်၊ အူရှစ်ဇွပ် စသည့်ကျေးရွာများဖြစ်ကြောင်း သိရသည်။

ပြောင်းရွှေ့ခဲ့ရသည့် မိမိကျေးရွာအား ပြန်လည်ငေးကြည့်နေစဉ်

စစ်တပ်မှ အာဏာသိမ်း ပြီးနောက် မတ်လ (၁၁)ရက်နေ့ကစ၍ ကချင်ပြည်နယ်အတွင်း အာဏာသိမ်းစစ်တပ်နှင့် KIA တို့တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here