ဝိုင်းမော်မြို့အရှေ့ဘက် လယ်ကွင်းတစ်နေရာတွင် စစ်ကောင်စီနှင့် KIA တို့တိုက်ပွဲဖြစ်ပွါး

571
KIA-စစ်သား

ဇူလိုင်၊၁၉

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အရှေ့ဘက်အခြမ်း လယ်ကွင်းတစ်နေရာမှာ စစ်ရေးလှုပ်ရှားသွားလာနေတဲ့ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့ ဒီကနေ့မနက်(၁၀)နာရီလောက်မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် တပ်ပေါင်းစုတွေဟာ ဝိုင်းမော် အရှေ့ဘက်တစ်ကြော နေရာယူ စစ်ရေးလှုပ်ရှားမှု ရှိနေပြီး အင်အား(၄၀၀)ထက်မနည်း ရှိနိုင်တယ်လို့ သိရပါတယ်။

ဒီကနေ့မနက် (၁၀)နာရီလောက်ကနေစပြီး နှစ်ဖက်တပ် ထိတွေ့တိုက်ပွဲ တစ်နာရီကြာဖြစ်ခဲ့ပြီး ဝိုင်းမော် စစ်ကောင်စီတပ်ရင်း(၅၈)ကနေလည်း လက်နက်ကြီး ပစ်ခတ်သံကြားရတယ်လို့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

လက်နက်ငယ်နဲ့ရော အပြန်အလှန် ပစ်ကြတာ။ ဝါရှောင် အရှေ့ဘက်အခြမ်း လယ်ကွင်းဘက် ဟုတ်တယ်။ ရွာကနေတော့ မကြားရဘူး။ တောင်ခြေဘက်ရှိတဲ့သူတွေပဲ ကြားရတာ“လို့ ဒေသခံက ပြောပါတယ်။

ဝိုင်းမော်မြို့နယ်၊ ဝါးရှောင်ကျေးရွာအနီး နန်ဇော်ယန်ကျေးရွာ ဘက်မှာလည်း လက်ရှိကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်ဖွဲ့၊ ပြည်သူ့စစ်အဖွဲ့တို့အကြား ဇူလိုင်လ(၁၀)ရက်နေ့ကနေစပြီး လက်ရှိအချိန်အထိ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲလည်း ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here