တေးရေးဆရာများရသင့်ရထိုက်သည့်အခွင့်အရေးများကိုရရှိစေရန်Kachin Composer’s Right Agency (KCRA)ဖွဲ့စည်း

တေးရေးဆရာများရသင့်ရထိုက်သည့်အခွင့်အရေးများကိုရရှိစေရန်Kachin Composer's Right Agency (KCRA)ဖွဲ့စည်းမြစ်ကြီးနား၊ဇူလိုင်၁၆တေးရေးဆရာတစ်ဦးရသင့်ရထိုက်သည့်အခွင့်အရေးများကိုရရှိစေရန်ကချင်တေးရေးဆရာများစုပေါင်း၍ Kachin Composer's Right Agency (KCRA) ကိုဇူလိုင်လ၆ရက်နေ့ကစတင်ဖွဲ့စည်းလိုက်ပြီဖြစ်သည်။မိမိရေးစပ်သောသီချင်းများအတွက်ရသင့်ရထိုက်သောရပိုင်ခွင့်များကိုကိုယ်တိုင်ခံစားခွင့်ရရှိရန်၊သီချင်း၏တန်ဖိုးကိုသိရှိနားလည်ပြီးတန်ဖိုးထားတတ်စေရန်နှင့်သီချင်းများကိုစနစ်တကျဖြင့်ခွင့်ပြုချက်တောင်းခံ၍အသုံးပြုကြရန်ရည်ရွယ်ချက်ဖြင့်KCRAကိုဖွဲ့စည်းရခြင်းဖြစ်ကြောင်းသိရသည်။အဆိုရှင်များအနေဖြင့်အခကြေးငွေယူပြီးသီဆိုသည့်မည်သည့်ပွဲမဆိုရရှိသောအခကြေးငွေ၏၂၀ရာခိုင်နှုန်းကို(KCRA)ကိုပေးရမည်ဖြစ်ကြောင်း၊လူမှုကွန်ရက်နှင့်အဆို၊အကပြိုင်ပွဲများ၌အသုံးပြုရန်အတွက်တေးရေးဆရာနှင့်ဆွေးနွေး၍ခွင့်ပြုချက်တောင်းခံပြီးမှအသုံးပြုခွင့်ပေးသွားမည်ဖြစ်ကြောင်းKCRA အဖွဲ့ဝင်တစ်ဦးဖြစ်သူတေးရေးဆရာG Zung Ki ကမြစ်ကြီးနားသတင်းဂျာနယ်သို့ပြောသည်။"အခကြေးငွေယူပြီးပွဲဆိုတယ်ဆိုရင်တေးရေးဆရာတွေကိုရောပေးရမယ်ပေါ့။ပရဟိတပွဲတွေဆိုရင်တော့မဆိုလိုဘူး။Channel,FM တို့မှာလွှင့်တာတွေအတွက်လည်းတောင်းတော့မယ်" ဟုG Zung Ki ကဆိုသည်။ကချင်အနုပညာရှင်များအသင်းချုပ်မှခွဲထွက်ကာယင်းအေဂျင်စီကိုသီးသန့်ဖွဲ့စည်းခြင်းမျိုးမဟုတ်ဘဲတေးရေးဆရာများ၏အခွင့်အရေးကိုတောင်းဆိုခြင်းသာဖြစ်ကြောင်းနှင့်လက်ရှိတေးရေးများသာမကနောင်လာမည့်မျိုးဆက်သစ်တေးရေးလူငယ်များလည်းအခွင့်အရေးများကိုမဆုံးရှုံးစေရန်KCRA ကိုကြိုးစားအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းတေးရေးဆရာG Zung Ki ကဆက်လက်ပြောသည်။"အခွင့်အရေးကတစ်နေ့ထက်တစ်နေ့ဆုံးရှုံးလာတယ်။တချို့ကငါးသောင်း၊နှစ်သိန်းနဲ့ရေးပေးတာလည်းရှိတယ်။အဲ့ဒီပိုက်ဆံတွေကမပြောပလောက်ဘူးဆိုပေမယ့်အဆိုတော်တွေကတော့တစ်သက်လုံးဆိုသွားလို့ရပြီ။တေးရေးဆရာတစ်ဦးကတော့သီချင်းတစ်ပုဒ်ဖြစ်ဖို့အတွက်အချိန်ကုန်လူပင်ပန်းရပါတယ်" ဟု၎င်းကဆိုသည်။လက်ရှိတွင်KCRAတွင်Karu Zeng, MD Lum Hkawng, Galau Zung Ki, Lasham...

“သူ့အတွက်”လို့ ဆိုတဲ့ ခရစ္စတီးနားမေရီအောင်နဲ့ မေး/ဖြေ

ဒီ တစ်ပတ်ရဲ့ အနုပညာကဏ္ဍမှာတော့ The X Factor Myanmar Season 1 အဆိုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးထောက်ခံမှုကို အပြည့်အဝရရှိထားတဲ့ ချစ်စရာ ကောင်မလေး ခရစ္စတီးနား မေရီအောင်နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။သူမရဲ့ မွေးရပ်မြေကတော့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်ကဖြစ်ပြီး မိသားစုဝင်...

ပြည်ထောင်စု မြန်မာနိုင်ငံအိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲတွင် မြစ်ကြီးနားမှ ရှေ့နေ Winner ဆုရရှိ

မြစ်ကြီးနား၊ ဇွန် ၂၀ မြန်မာနိုင်ငံလုံး အတိုင်းအတာ အိမ်ထောင်ရှင်အလှမယ် ပြိုင်ပွဲတွင် မြစ်ကြီးနားမြို့နယ် ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အလှမယ် ရှေ့နေဒေါ်ဆာလီထွေက Mrs. Union of Myanmar 2019 Winner ဆု ဆွတ်ခူးရရှိခဲ့သည်။ အဆိုပါပြိုင်ပွဲကို Union of Myanmar Organization မှ ဦးစီး၍ရန်ကုန်မြို့၌...

Miss International Myanmar 2019 အတွက် ကချင်ပြည်နယ်ကိုယ်စားပြု အလှမယ် (၅)ဦး ရွေးချယ်ခဲ့

မြစ်ကြီးနား၊ ဇွန် ၂၄ပထမဦးဆုံး အကြိမ် ကျင်းပသည့် Miss International kachin state 2019 ပြိုင်ပွဲကြီးကို မြစ်ကြီးနားမြို့၊ မနောင်ကွင်း(မဂျွယ်ခန်းမ)တွင် ဇွန်လ ၂၂ ရက်က ကျင်းပခဲ့ပြီး ကချင်ပြည်နယ်ကိုယ်စားပြု အလှမယ် ငါးဦးကို ရွေးချယ်ခဲ့သည်။အဆိုပါပြိုင်ပွဲကို Stellar Seven Entertainment...

အတိုက်အခံတွေ၊ စိန်ခေါ်မှုတွေကြားက ဝါသနာကြောင့် မိတ်ကပ်ပညာကို လေ့လာခဲ့တယ်ဆိုတဲ့ Ah Brang

ဒီအပတ်ရဲ့ အနုပညာကဏ္ဍမှာတော့ မိတ်ကပ်ပညာမှာ အင်မတန်ထူးချွန်ပြောင်မြောက်တဲ့ လက်ရာတွေနဲ့ လူတိုင်းအားကျရတဲ့ မိတ်ကပ်ပညာရှင် ကိုဘရန်အောင်(Ah Brang)နဲ့ တွေ့ဆုံ မေးမြန်းထားပါတယ်။ ကချင်ပြည်နယ်၊ မြစ်ကြီးနားတစ်ခွင် Live Show တွေ၊ အလှမယ်တွေနဲ့ ကချင် အနုပညာရှင် အများအပြားကို မိတ်ကပ်လိမ်းခြယ်ပေးနေတဲ့သူလည်း ဖြစ်ပါတယ်။အသက် ၂၈ နှစ်အရွယ်...

Follow us

575,695FansLike