covid-19 procedures

အခက်အခဲများကြးက ချီဖွေပြည်သူများ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်နေဆဲ

0
ဧပြီ-၉ သတင်းအမှောင်ချခံရသော်လည်း ချီဖွေမြို့ပြည်သူများမှ စစ်အာဏာရှင် ဆန့်ကျင်ကြောင်း ဆက်လက်ထုတ်ဖော်နေဆဲဖြစ်သည်ဟု သိရသည်။ တောင်တန်းဒေသ ဖြစ်သည့် ချီဖွေမြို့တွင် WiFi အင်တာနက်များ မရှိသည့် အပြင် တီဗွီရုပ်သံလိုင်းအချို့လည်း ပိတ်ပင်ထားခြင်းကြောင့် လှုပ်ရှားမှုပြုလုပ်ရန် စိုးရိမ်ကြောင်း ချီဖွေ ဒေသခံတစ်ဦးက ပြောသည်။ "အင်တာနက်လိုင်းလည်း မရဘူး ။ တီဗွီလိုင်းတွေ ပြန်ပိတ်လိုက်ပြီဆိုတော့ ကျွန်မတို့ဘက...

KIO/KIA မှ ဗိုလ်လောင်းသင်တန်းများခေါ်ယူ

0
ဧပြီ- ၉ ကချင်လွတ်မြောက်ရေးတပ်မတော် KIO/KIA မှ ဗိုလ်လောင်းသင်တန်း‌များ ဆက်လက်သင်ကြားနိုင်ရန် ခေါ်ယူနေကြောင်းသိရသည်။ ဗိုလ်လောင်းသင်တန်း တက်ရောက်လိုများသည် အမှတ်စဉ် (၃) ခုအနက် မိမိတက်ရောက်လိုသည့် အမှတ်စဉ်တွင် တက်ရောက်သင်ကြားနိုင်မည်ဖြစ်ပြီး ထိုအမှတ်စဉ်များသည် အမှတ်စဉ် (၁၁)၊ အမှတ်စဉ် (၆)နှင့် အမှတ်စဉ် (၅) တို့ဖြစ်ကြောင်း KIO ဗဟိုဌာနချုပ်၏ ဧပြီလ( ၆ )ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။ အမှတ်စဉ် (၁၁)တွ...

ပူတာအိုမြို့ လုံဇွပ်ရပ်ကွက်က သွားဆရာ၀န်အား ဖမ်းဆီး

0
ဧပြီ-၈ ပူတာအိုမြို့၊ လုံဇွပ်ရပ်ကွက်တွင် သွားဆေးခန်းဖွင့်ထားသည့် ဆရာ၀န် ဟိန်းသူရဇော် ကို ယမန်နေ့ ဧပြီလ( ၇) ရက်နေ့ ညနေ(၅) နာရီချိန်ခန့်က စစ်ကောင်စီကဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ ထိုသွားဆရာ၀န်သည် သူ့၏ဆေးခန်းတွင် ဗီနိုင်းပိုစတာများ ကပ်ထားပြီး ဆေးကုသနေခြင်းကြောင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ပြောသည်။ " အဲဒီဗီနိုင်းပိုစတာမှာ၊ CDM ပါ၀င်သည...

မိုးကောင်းတွင် ယမန်နေ့ညက လက်မောင်းကျည်ထိမှန်ခဲ့သည့် အမျိုးသမီးအား မြစ်ကြီးနားစစ်ဆေးရုံသို့ ပို့ဆောင်

0
ဧပြီ-၆ ကချင်ပြည်နယ၊ မိုးကောင်းမြို့တွင် ယမန်နေ့ ဧပြီလ (၅) ရက်နေ့ ည ကိုးနာရီကျော် အချိန်ခန့် ပစ်ခတ်ခံရသည့် ကျွန်းတောရပ်ကွက်မှ ကျည်ထိမှန်သူ အမျိုးသမီးကို ယနေ့ နံနက် မြစ်ကြီးနားမြို့ စစ်ဆေးရုံသို့ ခေါ်ဆောင်သွားပြီ ဖြစ်ကြောင်း ဒေသခံများမှ သိရသည်။ မိုးကောင်းမြို့ ကျွန်းတောရပ်ကွက်မှ ကျည်ထိမှန်ခဲ့သူ အမျိုးသမီးသည် ဧပြီလ (၅)ရက်နေ့ည ကိုးနာရီကျော်အချိန် သူမ၏ တစ်နေ့တာ စျေးရောင်းရငွေအား ရေတွက်နေစဉ်တွ...

ဝါရာဇွပ်ကျေးရွာအတွင်းသို့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံများ ထိတ်လန့်နေ

0
ဧပြီ- ၆ ဖားကန့်မြို့နယ်၊ ဝါရာဇွပ်ကျေးရွာအတွင်းသို့ ရှဒူးဇွပ် ခလရ (၂၉၇)စစ်ကောင်စီ တပ်စခန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ရွာသားများထိတ်လန့်ပြီး ကြောက်ရွံ့နေကြောင်း သိရသည်။ ၎င်းလက်နက်ကြီးသည် ယမန်နေ့ည( ၈)နာရီခန့်က ‌ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး (၄)ကြိမ် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ ထိုလက်နက်ကြီးများသည် နမ်ဆိုင်ခ (Nam sai Hka) တံတားအောက်၊ ‌နမ်ဆိုင်ချောင်း ရေထဲတွင် ၂...