အင်းတော်ကြီးဒေသမှ ဆယ်ဇင်းကျေးရွာသွားလမ်းတွငါ ဆေးဝါးနှင့် စားနပ်ရိက္ခာသယ်ဆောင်ခွင့် တင်းကြပ်ထား

382
စစ်ကောင်စီဂိတ်

ဇူလိုင် ၂၇

မိုးညှင်းခရိုင် ၊ အင်းတော်ကြီးဒေသကနေ ဖားကန့်မြို့နယ် ၊ ဆယ်ဇင်းကျေးရွာကိုသွားတဲ့လမ်း‌ပေါ်က စစ်ကောင်စီရဲ့ဂိတ်တွေမှာ ဆေးဝါးနဲ့ စားနပ်ရိက္ခာ သယ်‌ဆောင်ခွင့် တင်းကြပ်ထားတယ်လို့ သိရပါတယ်။

ဇူလိုင်လ ၁၇ ရက်နေ့ကစပြီး ဆယ်ဇင်းကျေးရွာဘက်မှာ စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့တဲ့နောက် အခုလိုတင်းကြပ်ထားတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

” ဘာပစ္စည်းသယ်တာတွေ ၊ ဆန်တွေ၊ ဆေးတွေ အစားအသောက်တွေကို အများစု စစ်ဆေးတာ။ တိုက်ပွဲဖြစ်ပွားတဲ့နောက်ဟုတ်တယ်။ “လို့ ဒေသခံက ဆိုပါတယ်။

အင်းတော်ကြီးဒေသကနေ ဖားကန့်မြို့နယ်ကို သွားတဲ့လမ်းမှာ စစ်ကောင်စီရဲ့  လုံးတုံ စုပေါင်းဂိတ်၊ နန့်မွန်းရွာပြည်သူ့စစ်ဂိတ်၊ ၂၁ မိုင်တောင်ထိပ်ဂိတ် အပြင် တပ်ခွဲဂိတ်တွေဖြစ်တဲ့ ညောင်ပင်ဂိတ် နဲ့ ဟွေလုံဂိတ်တွေရှိတယ်လို့သိရပါတယ်။

အဲဒီဂိတ်တွေမှာ ဖြတ်သွားဖြတ်လာပြည်သူတွေကို စစ်ဆေးတာတွေ ရှိတယ်လို့လည်း သိရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့နဲ့ ရှမ်းနီအမျိုးသားများတပ်မတော် SNA ၊ စစ်ကောင်စီပူးပေါင်းတပ်တွေဟာ ဆယ်ဇင်းကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အဲဒီတိုက်ပွဲဖြစ်ပွားမှုကြောင့် ဆယ်ဇင်းဒေသခံအချို့ တာမခန်ကျေးရွာဘက် ထွက်ပြေးတိမ်းရှောင်နေကြသလို စစ်ရေးတင်းမာမှုတွေရှိနေသေးတာကြောင့် တိုက်ပွဲပြန်လည်ဖြစ်ပွားလာမှာကို ဒေသခံတွေ စိုးရိမ်နေတာပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here