” ICJ ပြီးရင် ကျွန်တော်တို့ထပ်ပြီးတော့ ရာဇဝတ်ကောင်တွေကို အရေးယူနိုင်ဖို့အတွက် ICC ကို ကျွန်တော်တို့ NUG က ဖိတ်လည်းဖိတ်ကြားပြီးပါပြီ။ ကျွန်တော်တို့ပူးပေါင်းဆောင်ရွက်ပါမယ်ဆိုတဲ့ ကတိစကားလည်းပေးပြီးပါပြီ ” ဆိုတဲ့ NUG လူ့အခွင့်အရေး၀န်ကြီး ဦးအောင်မျိုးမင်းနှင့် အင်တာဗျူး။ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ စွဲဆိုထားတဲ့အမှုအတွက် ဒုတိယအကြိမ် ကြားနာစစ်ဆေးမှုကို ဖေဖော်ဝါရီ (၂၁) ရက်နေ့က စတင်ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ စစ်ကောင်စီဘက်က တက်ရောက်ခွင့်ရရှိခဲ့ပြီးတော့ ကန့်ကွက်လျှောက်လဲမှု ပြုလုပ်ခဲ့ပါတယ်။ အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ဘာကြောင့်အခုလို ICJ မှာ ကိုယ်စားပြုခွင့်ရရှိခဲ့တာလဲ။ NUG ဘက်က တင်သွင်းတဲ့ ဦးကျော်မိုးထွန်းကိုဘာကြောင့်လက်မခံခဲ့တာလဲ။ စတဲ့အကြောင်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကို မြစ်ကြီးနားသတင်းဂျာနယ်က ဆက်သွယ်မေးမြန်းထားပါတယ်။