နောင်းမီကျေးရွာက ဒေသခံတောင်သူများအား ပုံစံ(၇) ပြုလုပ်ပေးမည်ဟုဆိုက စစ်ကောင်စီလက်အောက်ခံ မြေစာရင်းဌာနမှ နာမည်စာရင်းသာကောက်ယူသွား

272

ဇူလိုင်၊၇

ဖားကန့်မြို့နယ်၊ နောင်းမီကျေးရွာက ဒေသခံတောင်သူတွေရဲ့ လယ်ယာမြေ ပိုင်ဆိုင်ခွင့် ပုံစံ(၇)ကို ပြုလုပ်ပေးမယ်ဆိုပြီး စစ်ကောင်စီ လက်အောက်ခံ မြေစာရင်းဌာနကနေ နာမည်စာရင်းသာ ကောက်ခံသွားတယ်လို့ သိရပါတယ်။

 မြေစာရင်းဌာနကနေ မြို့နယ်အထိ တက်စရာ မလိုဘဲ ရွာအတွင်းမှာပဲ ဇွန်လ(၂၉)ရက်နေ့နဲ့ (၃၀)ရက်နေ့ (၂)ရက်အတွင်း ပြုလုပ်ပေးသွားမှာ ဖြစ်တယ်လို့ ပြောပြီးနောက် နာမည်စာရင်းသာ ကောက်ခံသွားတယ်လို့ ဆိုပါတယ်။

 အရင်နှစ်က ပုံစံ(၇)လုပ်ဖို့ ကျန်ခဲ့တဲ့ အိမ်ခြေ(၁၄)ခုရဲ့ နာမည်စာရင်းကိုသာ ကောက်ခံပြီး စက်တင်ဘာလအတွင်း ပြန်လာခဲ့မယ်လို့ ဖားကန့်မြို့နယ် မြေစာရင်းဌာနကနေ ပြောကြားသွားတယ်လို့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

မနှစ်က နာမည်စာရင်းပေးထားပြီး မလုပ်လိုက်ရတဲ့ သူတွေကိုပေါ့။ (၉)လပိုင်းပြန်လာမယ်လို့ ပြောသွားတယ်။ နာမည်စာရင်းပဲကောက်သွားတာ။ လုပ်ရမယ့် အိမ်ခြေက ရာဂဏန်းလောက် ရှိတယ်”လို့ သူက ပြောပါတယ်။

တပ်စခန်းအနီး လယ်ယာလုပ်ကိုင်တဲ့ သူတွေကို အရင်ကနှစ်တွေက ပုံစံ(၇)ကို လုပ်ပေးခဲ့ပေမယ့် အခုနှစ်မှာတော့ အဲဒီတပ်စခန်းအနီး လုပ်ကိုင်တဲ့ အိမ်ခြေ (၂၀)လောက်ကို မလုပ်ပေး‌‌တော့ဘူးလို့လည်း အထက်ပါ ဒေသခံရဲ့ ပြောပြချက်အရ သိရပါတယ်။

အရင်က ပုံစံ(၇)ပြုလုပ်ချိန် မြေဧကကို စနစ်တကျတိုင်းတာပြီး အဆင့်ဆင့် ပြုလုပ်ပေး‌ပေမယ့် အခုအခါမှာတော့ မြေခွန် လက်မှတ်သာ ယူဆောင် လာခိုင်းတယ်လို့လည်း သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here