ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီ၏ (၃၂၁) တပ်ရင်းတွင် စစ်အင်အားများ ဖြည့်တင်းလာဟုဆို

618
myanmar-military column

ဇူလိုင်၊၂၆

ကချင်ပြည်နယ်၊  ဝိုင်းမော်မြို့ ရွှေညောင်ပင်ကျေးရွာက  စစ်ကောင်စီရဲ့ ခမရ (၃၂၁)တပ်ရင်းဂိတ်မှာ မနေ့က စစ်ကား(၁၂)စီးနဲ့ လူအင်အား ဖြည့်တင်းလာတာတွေ ရှိတယ်လို့ သိရပါတယ်။

စစ်ကား(၁၂)စီးမှာ လူအပြည့် တင်ဆောင်လာပြီး အဲဒီ ဂိတ်စခန်းထဲ ဝင်သွားတယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးကမြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

“ကား(၁၂)စီး (၃၂၁)ထဲ ဝင်သွားတာ။ ကားတစ်စီးက ချောင်ချိပြီး စီးရင် (၃၀)လောက်ပေါ့။ ကြပ်ပြီး စီးရင်တော့(၄၀)လောက် စီးလို့ရတာပေါ့။ ကား(၁၂)စီးမှာ လူအပြည့်ပြည့်ပဲ (၃၂၁)ထဲ ဝင်သွားတာ။ ဘယ်ဘက် စစ်ကြောင်းထိုးဖို့လဲတော့ မသိဘူး“လို့ သူက ပြောပါတယ်။

အဲဒီ မျက်မြင်သက်သေ ပြေပြချက်အရဆိုရင် စစ်ကားပေါ် ပါလာတဲ့ စစ်ကောင်စီတပ်သား အင်အားဟာ(၃၀၀)ထက် မနည်းရှိနိုင်ပါတယ်။ဒါ့အပြင် မနေ့ကလည်း စစ်သားအင်အား(၁၀၀)လောက်ဟာ စစ်သားတစ်ဦးကို သေနတ်(၂)လက်စီထမ်းပြီး  တောထဲကနေ  အဲဒီ (၃၂၁)တပ်ရင်းဂိတ်ဘက်ကို ဝင်သွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ဆိုပါတယ်။

ဝိုင်းမော်မြို့နယ်၊ ဝါးရှောင်ကျေးရွာအနီး နန်ဇော်ယန်ကျေးရွာ ဘက်မှာ လက်ရှိကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့  စစ်ကောင်စီတပ်ဖွဲ့၊ ပြည်သူ့စစ်အဖွဲ့တို့အကြား ဇူလိုင်လ(၁၀)ရက်နေ့ကနေစပြီး လက်ရှိအချိန်အထိ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပြီးတော့ ခမရ (၃၂၁) တပ်ရင်းဟာ မြစ်ကြီးနား- လိုင်ဇာလမ်းပေါ်မှာ တည်ရှိတာလည်းဖြစ်ပါတယ်။

ပုံဟောင်းဖြစ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here