ကာမိုင်းနဲ့ နန့်ယားကြား အထိုင်ချဖို့ တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို KIA/PDF ပူးပေါင်းအဖွဲ့ တိုက်ခိုက်

12

 

ဇွန်၊၂၅

မြစ်ကြီးနား-ဖားကန့်လမ်းပေါ်က ကာမိုင်းမြို့နဲ့ နန့်ယားကျေးရွာကြားမှာ စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်တို့ နှစ်ရက်ကြာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ကားမိုင်မြို့မှာရှိတဲ့ စစ်ကောင်စီအင်အား ၈၀ ခန့်ပါ စစ်ကြောင်းဟာ ကာမိုင်းနဲ့ နန့်ယားကြားမှာ အထိုင်ချဖို့ စစ်ကြောင်းတက်လာတဲ့အတွက် KIA/KPDF ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာဖြစ်တယ်လို့ KIA နဲ့ နီးစပ်တဲ့ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

သူတို့တက်လာလို့ အဲဒီတစ်ဖွဲ့ကိုပဲ နေရာလောက် တိုက်တာ။ သူတို့က ကားမိုင်နဲ့ နန့်ယားကြားမှာ ထိုင်ဖို့ပေါ့။ အခုထိတော့ နန့်ယားမရောက်နိုင်သေးဘူး။လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

နန့်ယားဘက်တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အွန်ကထောင်ကျေးရွာမှာပဲ ရောက်ရှိသေးတယ်လို့လည်း ဆိုပါတယ်။

နန့်ယားကျေးရွာမရောက်မီ မအူပင်ရေကာတာကျေးရွာအနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ KIA/KPDF ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတာ နှစ်ရက်ရှိပြီလို့ မြစ်ကြီးနား-ဖားကန့်လမ်း(လီဒိုလမ်း) မှာနေထိုင်တဲ့ ဒေသခံတစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်ကို ပြောပါတယ်။

ကာမိုင်းဗျုဟာကနေ ထွက်လာကြတဲ့ စစ်ကောင်စီစစ်ကြောင်းတွေဖြစ်ပြီး နှစ်ရက်ကြာဖြစ်ပွားတဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က အယောက်၂၀ ခန့်ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပေမဲ့ မြစ်ကြီးနားသတင်းဂျာနယ်အနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

ဇွန်လ ၂၃ ရက်နေ့ကစပြီး ကားမိုင်ဗျူဟာက ထွက်တဲ့ စစ်ကောင်စီတပ်နဲ့ KIA/KPDF ပူးပေါင်းတပ်တို့ ကားမိုင်နဲ့ နန့်ယားကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ၂၄ ရက်နေ့ကစပြီး စစ်ရေးအခြေအနေတွေကြောင့် မြစ်ကြီးနား-ဖားကန့်လမ်းကို နှစ်ဖက်တပ်တွေကနေ ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့ကလည်း မြစ်ကြီနား-ဖားကန်လမ်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KIA/KPDF တို့ရဲ့ တိုက်ပွဲအခြေအနေတွေကြောင့် လမ်းတစ်လျောက်က မအူပင်၊ ကျောက်ထု၊ နန့်ယား၊ ကပ်မှော် ၊ခွန်စိုင်ဇွပ်၊ တံတားညီနောင်၊ ဆိုင်းဖရာ၊ကျောက်ဖျာ၊နန့်တိန်း၊ပျားအုံ စတဲ့ ကျေးရွာဒေသခံတွေ တိမ်းရှောင်ခဲ့ကြရတာ ဖြစ်ပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here