Miss Imperial Universe Myanmar 2018 အလှမယ်ပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ ဝေရီနှင်းစက်ကို Winner  ဆုရှင်အဖြစ် ရွေးချယ်ခဲ့

1718

ဖေဖော်ဝါရီ ၅

ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် Miss Imperial Universe Myanmar 2018 အလှမယ်ပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ အလှမယ်ဝေရီနှင်းစက်က Winner  ဆု ဆွတ်ခူးရရှိခဲ့သည်။

အဆိုပါ အလှမယ် ပြိုင်ပွဲကိုရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် ဖေဖော်ဝါရီ ၄ ရက်ညက ကျင်းပခဲ့ခြင်းဖြစ်ပြီး ထိုပြိုင်ပွဲသို့ မြစ်ကြီးနားကိုယ်စားပြု အလှမယ်အဖြစ် အလှမယ်ဝေရီနှင်းစက်က သွားရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

အလှမယ် ဝေရီနှင်းစက်သည်  အဆိုပါပြိုင်ပွဲတွင် Miss Imperial Universe Myanmar 2018 Winner  ဆုအပြင် Pepole Choice ကိုပါ ရရှိခဲ့သည့်အတွက် သူမကိုအားပေးခဲ့ကြသည့် ကချင်ပြည်နယ်မှ ပရိသတ်ကြီးများကို ကျေးဇူးတင်ကြောင်း မြစ်ကြီးနားသတင်းဂျာနယ်မှတစ်ဆင့် ပြောသည်။

“ညီမကို အားပေးကြတဲ့ ညီမရဲ့ မိဘတွေနဲ့အတူ ကချင်ပြည်နယ်က ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ မြစ်ကြီးနားကိုယ်စားပြုအဖြစ် သွားတာ ပထမဦးဆုံးအကြိမ်ဆိုပေမယ့် မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် ဖြစ်ခွင့်ရရှိခဲ့တဲ့အတွက် အရမ်းဝမ်းသာတယ်။ ဒီထက်ပိုပြီး ကြိုးစားသွားပါ့မယ်လို့ ကတိပေးပါတယ်”ဟု အလှမယ် ဝေရီနှင်းစက်က ပြောသည်။

အလှမယ် ဝေရီနှင်းစက်သည် ပေါ်တရီနိုင်ငံတွင် ကျင်းပမည့် Miss Imperial Universe 2018 အလှမယ်ပြိုင်ပွဲသို့ ထပ်မံသွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ထိုပြိုင်ပွဲသို့ နိုင်ငံပေါင်း ၅၀ ကျော်မှအလှမယ်များ လာရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ဆိုင်းထွယ်ဇင်

LEAVE A REPLY

Please enter your comment!
Please enter your name here