Miss Universe Myitkyina ပြိုင်ပွဲတွင် သက်ငယ်မုဒိမ်းမှုကို ရှုံ့ချကန့်ကွက်သည့် အစီအစဉ်တစ်ရပ်ကို ထည့်သွင်းပြုလုပ်သွားမည်

2165

မတ် ၂

မြစ်ကြီးနားမြို့တွင် စတုတ်္ထမြောက် ကျင်းပသွားမည့် Miss Universe Myitkyina ပြိုင်ပွဲတွင် ထူးခြားသည့်အစီအစဉ်တစ်ခုအနေဖြင့် သက်ငယ်မုဒိမ်းမှုကို ရှုံ့ချကန့်ကွက်သည့်အစီအစဉ်တစ်ရပ်ကို ထည့်သွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း Maran Entertainment မှ ကိုမရန်ဆိုင်းနော်ကပြောသည်။

“ကျွန်တော်တို့ ဒီအစီအစဉ်ကို ထည့်သွင်းရခြင်းက အခုအရမ်းကိုဆိုးရွားလာတဲ့ သက်ငယ်မုဒိမ်းမှုကို ထိထိရောက်ရောက် အရေးယူစေချင်တဲ့ ရည်ရွယ်ချက်လည်း ပါတယ်။ ပြီးတော့ ဒီသက်ငယ်မုဒိမ်း ပပျောက်သွားရေးကို အားလုံး စိတ်ဝင်စားလာအောင် ပြုလုပ်ရခြင်း ဖြစ်ပါတယ်”ဟု ဃငအပ ီငမနခအသမ ကိုမရန်ဆိုင်းနော်က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

4th Miss Universe Myitkyina  အလှမယ် ပြိုင်ပွဲအတွက် နောက်ဆုံးဆန်ခါတင် ပြိုင်ပွဲဝင်အလှမယ် ရွေးချယ်ခြင်း အခမ်းအနားပဏာမလူတွေ့စစ်ဆေးပွဲကို မတ်လ ၂ ရက်က  မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ မနောင်ကွင်းတွင်ကျင်းပခဲ့ပြီး ထိုလူတွေ့စစ်ဆေးပွဲတွင် လျှောက်လွှာတင်သူ ၁၀၀ ဦး ခန့် ရှိသည့်အနက် ပြိုင်ပွဲဝင် အလှမယ်၂၁ ဦးကို ရွေးချယ်ခဲ့ကြောင်း သိရသည်။

ထိုသို့ နောက်ဆုံးဆန်ခါတင် ပြိုင်ပွဲဝင်အလှမယ်အဖြစ် ရွေးချယ်ခံရသူများမှာ ဘောမ်နမ်၊ အဲလိဇဘတ် မနမ်မွန်းဆန်၊ ဟောင်းနန်း၊ ထွယ်စောမ်ရှနီး၊ အင်ခွမ်ထုဂျာ၊ ဂျာဆိုင်းအိန်၊ ဂျာဆိုင်းပန်၊ လူစီယာဂျီးဆိုင်း၊ လင်းထက်ထက်ကျော်၊ ခင်ခင်ဌေး၊ ကွမ်ထုံမိုင်းစင်၊ မျိုးသီရိကို၊ နန်းရတီခင်၊ နန်းရင်မွှေး၊ ငွါးမေရီ၊ ဆိုင်းနူးမိုင်၊ လဖိုင်နူးနူးဆန်၊ သက်မေဦး၊ လကွမ်းဇန်နော၊ ဂျာစင်တာရွယ်ဂျား နှင့် မော်ရိန်းလုဆန်တို့ဖြစ်ကြောင်း သိရသည်။

ယင်းအလှမယ် ပြိုင်ပွဲတွင် 1st runner up ရရှိသော အလှမယ်ကို Miss Tourism & Culture Universe Myitkyina  အလှမယ်အဖြစ် ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်များအားလုံးအနေဖြင့် မိမိကိုယ်မိမိယုံကြည်မှုရှိပြီး ရဲဝံ့စွာယှဉ်ပြိုင်စေလိုကြောင်း City Director  ကိုမရန်ဆိုင်းနော်က မြစ်ကြီးနား သတင်းဂျာနယ်သို့ ပြောသည်။

“ပြိုင်ပွဲဝင် အလှမယ်လေးတွေကို ပြောချင်တာ Miss Universe Myitkyina ရဲ့ ခေါင်းစဉ်နဲ့အညီ     ယုံကြည်မှုရှိတဲ့အလှက သိပ်ကိုအရေးကြီးပါတယ်။ မတူတဲ့မိဘ၊ မတူတဲ့အသိုင်းအဝိုင်းကလာတာ၊ အရပ်ရှည်တာ၊ပုတာ၊ချောတာ၊မချောတာတွေ ဘာတစ်ခုမှ အရေးမကြီးပါဘူး။ အမှန်တကယ်အရေးကြီးတာ က မိမိကိုယ်ကိုယ်ယုံကြည်မှုရှိရှိနဲ့ ယှဉ်ပြိုင်ဖို့ အဓိကပါပဲ”ဟု ကိုမရန်ဆိုင်းနော်က ဆက်လက်ပြောသည်။

ထိုအလှမယ် ပြိုင်ပွဲတွင်အနိုင်ရရှိသော 4th Miss Universe Myitkyina အလှမယ်သည်  Ok Silversmith ကချီးမြှင့်သည့် မနောဧကရီကျောက်စိမ်းသရဖူနှင့်အတူ တစ်နှစ်တာလစာခံစားခွင့်၊ Miss Universe Myanmar 2019 ပြိုင်ပွဲတွင် မြစ်ကြီးနားကိုယ်စားပြုအဖြစ် ယှဉ်ပြိုင်ခွင့်၊ နာမည်ကြီးဒီဇိုင်နာများ၏ ဝတ်စုံများကို တစ်နှစ်တာအခမဲ့ဝတ်ဆင်ခွင့်၊ မြင်ကွင်းမဂ်္ဂဇင်းတွင် Beauty Bar By Ja Noi Pan တွင် တစ်နှစ်တာအခမဲ့ဆံကေသာထိန်းသိမ်းခွင့်နှင့် အသားအရည်ထိန်းသိမ်းခွင့်တို့ ရရှိမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် Bangkok International Dentist Centre တွင် အလှပြုပြင်ခွင့်၊ ဘန်ကောက် အလည်အပတ်ခရီးစဉ်၊   Miss Universe Myanmar 2019 ပြိုင်ပွဲအတွင်း ရန်ကုန်မြို့ရှိ တိုက်ခန်းတွင် အခမဲ့နေထိုင်ခွင့်၊  Catwalk Training, Makeup Training, Personal Training တို့ အခမဲ့သင်ကြားခွင့်၊ Champion Institute တွင် အခမဲ့အင်္ဂလိပ်စာ သင်ကြားခွင့်၊ UFG Gym(Myitkyina)တွင် တစ်နှစ်တာ အခမဲ့ကစားခွင့်၊  Real Fitness တွင် တစ်နှစ်တာအခမဲ့ကစားခွင့်၊ Miss Universe Myitkyina Organization နှင့်အတူ တစ်နှစ်တာအခမဲ့ခရီးသွားလာခွင့်တို့လည်း ရရှိမည်ဟု သိရသည်။

4th Miss Universe Myitkyina Grand Final အလှမယ်ရွေးချယ်ပွဲကို မတ်လ ၁၉ ရက်ညတွင် မြစ်ကြီးနားမြို့ရှိ မနောင်ကွင်း၌ ကျင်းပသွားမည်ဖြစ်သည်။

ပထမအကြိမ်မြောက် Miss Universe Myitkyina  အဖြစ် အလှမယ် နန်လတ်ဆိုင်းမိုင်၊ ဒုတိယအကြိမ်မြောက် Miss Universe Myitkyina အဖြစ်  အလှမယ်ဂျာဒင်ကိုင်နှင့် တတိယအကြိမ်မြောက် Miss Universe Myitkyina အဖြစ် အလှမယ် ရိုစလင်းဆိုင်းနူးနူးပန်တို့က ဆွတ်ခူးရရှိခဲ့ကြပြီး ၎င်းတို့သည် Miss Universe Myanmar အလှမယ်ပြိုင်ပွဲကြီးသို့ မြစ်ကြီးနားကိုယ်စားပြု အလှမယ်အဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ဆိုင်းထွယ်ဇင်

LEAVE A REPLY

Please enter your comment!
Please enter your name here