Mister and Miss Sea World Myanmar 2018 ပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ အလှမယ်ဝင်းသီရိအောင်က Second Runner Up ရရှိ

1545

ဖေဖော်ဝါရီ ၆

ရန်ကုန်မြို့တွင်ကျင်းပသွားခဲ့သော Mister and Miss Sea World Myanmar 2018  ပြိုင်ပွဲတွင် ကချင်ပြည်နယ်ကိုယ်စားပြုအလှမယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ၀င်းသီရိအောင်က Second Runner Upရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို ဖေဖော်ဝါရီလ ၄ ရက်နေ့ညက  Excel တွင် ကျင်းပသွားခဲ့ခြင်းဖြစ်ပြီး ထိုပြိုင်ပွဲတွင် အလှမယ်ဝင်းသီရိအောင်က Mister and Miss Sea World Myanmar 2018 Second Runner Up ဆုအပြင် People Choice Award နှင့် The Best Smile ဆုတို့ကိုပါ ဆွတ်ခူးခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ပင် ကချင်ပြည်နယ်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့သည့် Mister တီဆန်းဆုန်းဝမ်ကလည်း New Face Model Award ဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

“ကချင်ပြည်နယ်အတွက် ညီမဘက်ကနေ အတတ်နိုင်ဆုံး ကြိုးစားပေးခဲ့တယ်။ အခုဒီဆုတွေ ရရှိသွားတဲ့ဆုအတွက်လည်းဝမ်းသာတယ်။ ဒါပေမယ့် ပရိသတ်ကြီးအတွက် Winner ဆုကြီး မယူပေးနိုင်ခဲ့လို့ စိတ်မကောင်းပါဘူး။ ထပ်ပြီး ကချင်ပြည်နယ်ဂုဏ်ဆောင်နိုင်တဲ့ အလှမယ်ဖြစ်အောင် ကြိုးစားသွားပါ့မယ်”ဟု အလှမယ်ဝင်းသီရိအောင်က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

အလှမယ် ၀င်းသီရိအောင်သည် ကချင်ပြည်နယ် ရွှေကူမြို့တွင် နေထိုင်သော အလှမယ်တစ်ဦးဖြစ်ကြောင်းသိရပြီး လတ်တလောတွင် ကြော်ငြာများ လက်ခံရိုက်ကူးနေကာ Mister တီဆန်းဆုန်းဝမ်ကမူ မြစ်ကြီးနားမြို့ သီတာရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

ဆိုင်းထွယ်ဇင်

LEAVE A REPLY

Please enter your comment!
Please enter your name here