အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီက ပြည်သူနေအိမ် ၈ သောင်းကျော်ကို မီးရှို့ဖျက်ဆီး

13

 

ဧပြီ၊ ၁၅

အာဏာသိမ်းပြီး ၃ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် တစ်နိုင်ငံလုံးက ပြည်သူတွေရဲ့ နေအိမ်အလုံးပေါင်း ၈ သောင်း ၃ ထောင်ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ Data for Myanmar က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပေါင်း ၈၃,၇၄၆ လုံး ဆုံးရှုံးခဲ့ရပြီး အဲဒီအရေအတွက်ဟာ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလကစပြီး ၂၀၂၄ မတ်လကုန်အထိ စုစည်းထားတဲ့ အချက်အလက်တွေဖြစ်တယ်လို့ Data for Myanmar က မနေ့က ထုတ်ပြန်ခဲ့တာပါ။

မနှစ်က ဩဂုတ်လမှာ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်အရေအတွက်က ၁,၀၀၀ အောက်အထိ ကျဆင်းခဲ့ရပေမယ့် ဒီဇင်ဘာလကစပြီး တဖြည်းဖြည်း ပြန်မြင့်တက်လာခဲ့တာဖြစ်ပြီး ၂၀၂၄ မတ်လအတွင်း နေအိမ်ပေါင်း ၂,၈၃၁ လုံး မီးရှို့ခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

မတ်လအတွင်း မီးရှို့ခံခဲ့ရတဲ့ နေအိမ် ၂,၀၀၀ ကျော်ထဲမှာ စစ်ကိုင်းတိုင်းထဲက နေအိမ် ၁,၈၅၁ လုံး၊ မန္တလေးတိုင်းထဲက နေအိမ် ၆၂၈ လုံးပါဝင်တယ်လို့ သိရပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here