Trending Now
ကချင်ပြည်နယ်သတင်း
မြစ်ကြီနား လေကြောင်းခရီးစဉ် ဧပြီ ၅ ရက်နေ့ ပြန်လည်ပြေးဆွဲမယ်လို့ဆို
ဧပြီ၊၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကို လေကြောင်းခရီးစဉ်တွေ ဧပြီ ၅ ရက်ကစပြီး ပြန်လည်ပြေးဆွဲမယ်လို့ မြန်မာအမျိုးသားလေကြောင်း (MNA) လေကြောင်းလိုင်းရဲ့ ခရီးစဉ်တွေအရ သိရပါတယ်။
ဧပြီ ၅ ရက်နေ့မှာ ရန်ကုန်-မြစ်ကြီးနား၊ မန္တလေး-မြစ်ကြီးနားနဲ့ ဧပြီလ ၈ ရက်နေ့မှာ ရန်ကုန်-မြစ်ကြီးနား၊ မန္တလေး-မြစ်ကြီးနား အသွားအပြန်ခရီးစဉ်တွေကို MNA ရဲ့ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
"တခြားလေယာဥ်တွေတော့ အရောင်းမဖွင့်သေးပါဘူး။ မကြာခင်တော့ ဆွဲမယ်လို့ထင်ပါတယ်။" လို့လည်း လေယာဉ်လက်မှတ်အရောင်းဌာန တစ်ခုရဲ့ တာဝန်ခံတစ်ဦးက ပြောပါတယ်။
လေယာဉ်လက်မှတ်ခတွေကတော့ ...
မြစ်ကြီးနားမြို့မှာ ဗုဒ္ဓဟူးနေ့ထွက်တဲ့ စက်သုံးဆီအသုံးပြု ယာဉ်တွေကို ဖမ်းဆီးနေ
ဧပြီ၊ ၁
စက်သုံးဆီအသုံးပြုမှု လျှော့ချဖို့ဆိုပြီး အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ပုဂ္ဂလိကလုပ်ငန်းတွေအနေနဲ့ အတတ်နိုင်ဆုံး အိမ်ကနေပဲ အလုပ်လုပ်ကြဖို့ စစ်ကော်မရှင်က ပြောပြီးတဲ့နောက် ဒီကနေ့မှာတော့ မြစ်ကြီးနားမြို့မှာ စက်သုံးဆီအသုံးပြု မောင်းနှင်ရတဲ့ ကားတွေကို ဖမ်းဆီးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြစ်ကြီးနားမြို့ ဘူတာတိုက်တန်းရှေ့ KBZ ဘဏ်အနီးမှာ အိမ်စီးကားနှစ်စီးနဲ့ ကင်းလှည့်နေတဲ့ စစ်ကော်မရှင်ရဲတွေကနေ စက်သုံးဆီအသုံးပြုရတဲ့ ကားငါးစီးကို ဖမ်းဆီးနေတာ မြင်တွေ့ခဲ့ရတယ်လို့ မြစ်ကြီးနားမြို့ခံ အမျိုးသမီးတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“ကားနှ...























